မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ကစားသမားများ၏ ကြံ့ခိုင်မှု စွမ်းရည်အား စမ်းသပ်စစ်ဆေးခြင်းကို (၂၁.၁.၂၀၂၀) အင်္ဂါနေ့ နံနက်ပိုင်းမှာ ရှမ်းယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ရန်လျာထားသည့် ကစားသမား (၁၁) ဦးအား ကြံ့ခိုင်မှု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ထိုကဲ့သို့သော ကစားသမားတွေကို ကြံ့ခိုင်မှုစွမ်းရည် စမ်းသပ်စစ်ဆေးတာကလည်း ကစားသမားတွေအတွက် ပွဲစဉ်တွေမှာ ပိုမိုစွမ်းဆောင်ရည်ပြည့်ဝစွာ ကစားဟန်အနေအထားတွေက ကောင်းမွန်လာမှာလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC Facebook Page
Photo Credit - Shan United FC Facebook Page

ကစားသမားများ၏ ကြံ့ခိုင်မှုအား စောင့်ကြည့် လေ့လာရန်အတွက် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်၏ အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရှိရပြီး အခြားအသင်းများမှ ကစားသမားများကိုလည်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒီလို အစီအစဉ်လေးတွေ ပြုလုပ်ပေးတာက ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း မြန်မာ့ဘောလုံးလောကမှာကစားသမားတွေ တောင့်တင်းကြံ့ခိုင်မှု ရှိအောင် အကောင်းဆုံးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

Photo Credit - Shan United FC Facebook Page
Photo Credit - Shan United FC Facebook Page

ပရိသတ်ကြီးကလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ကစားသမားများ ကြံ့ခိုင်မှု စွမ်းရည်အား စမ်းသပ်စစ်ဆေးမှုပုံရိပ်လေးတွေကို သဘောကျနှစ်သက်ကြမှာလည်းဖြစ်ပါတယ်။နောက်တစ်ပါတ်မှာလည်းအခြားအသင်းတွေရဲ့ ကစားသမားများ ကြံ့ခိုင်မှု စွမ်းရည်အား စမ်းသပ်စစ်ဆေးမှုပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။ 

Photo Credit - Shan United FC Facebook Page

Source - Shan United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။