ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲလို့ အသိအမှတ်ပြုခဲ့တဲ့ "Anglo-Zanzibar War" တိုက်ပွဲ အကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁၈၉၆ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့က ဖြစ်ပွားခဲ့သော အင်္ဂလိပ်နှင့် ဇန်ဇီဘာ နိုင်ငံတို့ စစ်ပွဲဟာ (၄၅) မိနစ်မျှသာ ကြာမြင်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်မှုကို ပူးပေါင်းထောက်ခံသော ဘုရင် ဟာမက်ဘင် သူဝိုင်နီ ကွယ်လွန်ခဲ့ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo credit pngtree

ဗြိတိသျှတို့က အမေရိကန် ကိုယ်စားလှယ်မှ တစ်ဆင့် ငြိမ်းချမ်းရေး ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ရာဇသံ အချိန်စေ့သွားတာကြောင့် သြဂုတ်လ (၂၆) ရက် နံနက် (၉) နာရီမှာ ဇန်ဇီဘာ နန်းတော်အား ဗြိတိသျှ ရေတပ်က စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ နန်းတော်ပြိုကျပြီး လူအများအပြား သေကြေသဖြင့် ဘာဂက်ရှ် ဟာ နန်းတော်မှ အလျင်အမြန် ဆုတ်ခွာပြီး ဂျာမာန် ကောင်စစ်ဝန်ထံ ခိုလှုံခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုများဟာ (၄၅)မိနစ်အတွင်း ပြီးဆုံးသွားခဲ့ပြီး ဗြိတိသျှတို့က ဂျာမာန်တို့အား နန်းကျဘုရင် ဘာဂက်ရှ်ကို အပ်နှံရန် တောင်းဆိုခဲ့သော်လည်း ဘာဂက်ရှ်ဟာ အောက်တိုဘာလ(၂) ရက်နေ့တွင် ပင်လယ်တွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

Photo credit pngtree

ဘာဂက်ရှ်ဟာ ဒါအက်စ် စလမ်တွင် ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ဗြိတိသျှတို့က ဘာဂက်ရှ်အား ဖမ်းမိ သွားခဲ့ပါတယ်။ ဗြိတိသျှတို့က ဘာဂက်ရှ်အား မွမ်ဘာဆာတွင် နေထိုင်ခွင့်ပြုခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ဘာဂက်ရှ် ကွယ်လွန်ခဲ့ပါတယ်။ (၄၅) မိနစ်စစ်ပွဲအပြီးတွင် ချုပ်ဆိုခဲ့သော စာချုပ်အရ ဗြိတိသျှတို့က ဇန်ဇီဘာ အစိုးရအား နန်းတော်သို့ ပစ်ခတ်ခဲ့ရတဲ့ စစ်စရိတ်ကို ပေးလျော်ရန် တောင်းခံခဲ့ပါတယ်။ အဆိုပါ စစ်ပွဲကြီးရဲ့ အဖြစ်အပျက်ဟာ (၄၅) မိနစ်သာ ကြာမြင်ခဲ့ပြီး ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ အထင်အရှားဖြစ်တာကြောင့် ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Soure မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree 

Photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။