ချစ်သူရည်စားဖြစ်ရင် ဘယ်ကိုအရင်သွားကြလဲ….ပရိသတ်ကြီးအယောက်၁ဝဝရဲ့ အဖြေက…ရုပ်ရှင်ရုံပါဗျာ…ရုပ်ရှင်ရုံက အတွဲတွေသတိထားဖို့ သတင်းတစ်ခုရှာပေးလိုက်တယ်နော်

သတင်းကလည်းဆန်းတယ်လေ.. “ရုပ်ရှင်လက်မှတ်ခနဲ့ ပီဇာဖိုး ပြန်လိုချင်တာကြောင့်တရားစွဲ”

(ကိုယ့်ချစ်သူက ရုပ်ရှင်လာကြည့်ချိန် ဖုန်းပြောတက်ရင် ဒီသတင်းကို ပြလိုက်နော်) 

အမေရိကန်ပြည်ထောင်စုမှာ ရုပ်ရှင်ရုံအတွင်း ပထမဆုံးချိန်းတွေ့တဲ့အချိန် အမျိုးသမီးက ဖုန်းသုံးနေတဲ့အတွက် အမျိုးသားက တရားစွဲဆိုလိုက်ပါတယ်။အသက်(၃၇)နှစ်အရွယ် မစ္စတာ ဘရန်ဒန် ဗက်မာဆိုသူဟာ Guardians of the Galaxy ရုပ်ရှင်ကားကြည့်ဖို့အတွက် အမျိုးသမီးတစ်ဦးနဲ့ ချိန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်အမျိုးသမီးဟာ ရုပ်ရှင်ရုံထဲမှာ (၁၅)မိနစ်ကြာ ဖုန်းသုံးနေတဲ့အတွက် အဲ့ဒီအမျိုးသမီးရဲ့ အပြုအမူဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပြီး ရုပ်ရှင်ရုံက ပြဌာန်းထားတဲ့စည်းမျဉ်းကိုလည်း မလိုက်နာရာရောက်တယ်လို့ ပြောပါတယ်။

အဲ့ဒီအမျိုးသမီးကို ဖုန်းအသုံးမပြုဖို့ ပြောပေမဲ့ ငြင်းဆိုခဲ့ပြီး ထွက်သွားခဲ့တာ ပြန်မလာတော့ဘူးလို့ ဆိုပါတယ်။ အဲ့ဒါကြောင့် မစ္စတာ ဗက်မာဟာ ရုပ်ရှင်လက်မှတ်ခနဲ့ ပီဇာဖိုး ပြန်လိုချင်တာကြောင့် အဲ့ဒီအမျိုးသမီးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီအငြင်းပွားမှုကို ဖြေရှင်းဖို့ ရုပ်ရှင်ရုံမှာ ထပ်မံချိန်းဆိုခဲ့ပြီး အမျိုးသမီးက မစ္စတာ ဗက်မာကို တောင်းပန်စကားပြောကြားကာ တောင်းဆိုတဲ့ ပိုက်ဆံလည်း ပေးခဲ့ပါတယ်။ မစ္စတာ ဗက်မာဟာ အမျိုးသမီးရဲ့ တောင်းပန်မှုကိုလက်ခံခဲ့ပြီး တရားစွဲဆိုမှုကိုလည်း ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။

Source: telegraph

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။