အမိုက်စားကောက်ကြောင်းအလှတရားတွေကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ စိတ်ထားဖြူစင်ပြီး ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး အဖြစ် ဂုဏ်သတင်းကြီး နေသူတစ်ယောက်ပါ။ စူစူဟာ ရှုတင်တစ်ခုပြီးတိုင်း ရှုတင် အဖွဲ့သားတွေကို ဆန်နဲ့ဆီတွေကို အမြဲလှူဒါန်းလေ့ရှိတဲ့ စိတ်ထားကောင်းလွန်းသူ မင်းသမီးချောလေး တစ်လက်ပါ။ 

Photo Credit - Ei Chaw Po's Facebook Account
Photo Credit - Ei Chaw Po's Facebook Account
Photo Credit - Ei Chaw Po's Facebook Account

လတ်တလောမှာတော့ အိချောပိုဟာ ပြင်ဦးလွင်တွင် အထိန်းတော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူမဟာ ပြင်ဦးလွင်မြို့ရဲ့ ချမ်းအေးလှတဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခိုင်ကာ ညည့်နက်တဲ့အထိ ကြိုးစားပမ်းစား ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ စူစူဟာ အားလပ်ချိန်များကိုလည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားကာ ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Ei Chaw Po's Facebook Account
Photo Credit - Ei Chaw Po's Facebook Account
Photo Credit - Ei Chaw Po's Facebook Account

အခုမှာလည်း သူမရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မျက်နှာလေးကိုပြောင်စပ်စပ်လုပ်ကာ ချစ်စရာကောင်းလောက်အောင် Tik Tok ကစားထားတဲ့ အိချောပိုရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကြည့်ပြီး ပရိသတ်တွေ စူစူကိုပိုပြီး အချစ်တိုးလာစေမှာသေချာတာကြောင့် ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Ei Chaw Po's Tik Tok Account

Photo Credit - Ei Chaw Po's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။