မြန်မာ ယူ-၁၅ အမျိုးသမီး အသင်းဟာ အာဆီယံ ယူ-၁၅ အမျိုးသမီး ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်မှာ ဖိလစ်ပိုင် အသင်းကိုသုံးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။

မြန်မာအသင်းအနေနဲ့ ဖိလစ်ပိုင်အသင်းကို ဒုတိယပိုင်း အစမှာ ဦးဆောင်ခွင့် ရရှိခဲ့ပေမဲ့ ပွဲပြီးဆုံးချိန်မှာတော့ ဖိလစ်ပိုင် အသင်းက အနိုင်

ရရှိသွားခဲ့တာပါ။  

ဖိလစ်ပိုင် အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အသင်းနည်းပြချုပ် ဒေါ်နုနုခိုင်ဝင်းက "ဒီနေ့ ရှုံးပွဲနဲ့

ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ကစားသမားတွေအားလုံး ကြိုးစားကစားခဲ့ကြတယ်။ သူတို့ က ရေရှည်လေ့ကျင့်ထားတဲ့

အသင်းတစ်သင်းလည်း ဖြစ်တယ်။ ကစားပုံ ကြံ့ခိုင်မှုရော အားလုံးကောင်းမွန်ပါတဲ့ အသင်းပါ။ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားကစားခဲ့ကြပါတယ်" လို့ ပြောပါတယ်။

မြန်မာအသင်းဟာ မေလ ၂၀ ရက်နေ့မှာ တတိယနေရာလုပွဲကို ကမ္ဘောဒီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ သုံးနာရီခွဲ မှာယှဉ်ပြိုင်ကစားရမှာပါ။

Source ; MFF

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။