ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးအေးမြတ်သူကတော့ အနုပညာလောကထဲမှာရပ်တည်လာတာ နှစ်ပေါင်းမနည်းတော့တာဖြစ်လို့ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း တစ်နှစ်ထက်တစ်နှစ်ကိုပိုပိုများလာပါတယ်နော်။အေးမြတ်သူက အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်လာပြီး ခေါင်းအစခြေအဆုံးအပြစ်ပြောစရာမရှိလောက်အောင်လှပြီး သူမရဲ့ပါးချိုင့်လေးကြောင့်လည်း ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account

အေးမြတ်သူက ၂၀၁၈အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီဆုကိုဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။စိတ်ထားလေးလည်းဖြူစင်မွန်မြတ်ပြီး မာန်မာနကင်းမဲ့တာကြောင့် အေးမြတ်သူက လူချစ်လူခင်လည်းပေါများပါတယ်။အေးမြတ်သူကတော့ အလှူအတန်းဆိုလည်းလက်မနှေးတဲ့သူဖြစ်လို့ တတ်နိုင်သလောက်ကိုအမြဲတမ်းလှူဒါန်းနေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Account/Amazing Grace
Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account

အသက်(၃၀)ကျော်အရွယ်ကိုရောက်ရှိလာတဲ့ အေးမြတ်သူကဟိုးအရင်တုန်းကလို နုငယ်ပျိုမျစ်မှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ဆွဲဆောင်မှုအပြည့်ရှိနေဆဲဖြစ်ပြီး ခေါင်းအစခြေအဆုံးလှပနေဆဲပါနော်။အခုဆိုရင်လည်း အေးမြတ်သူက သူမရဲ့အင်္ကျီက accessoriesလေးတွေလှုပ်ခါသွားအောင် ခန္ဓာကိုယ်လေးကိုလှုပ်ရမ်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account

Source&Photo Credit:Aye Myat Thu's Facebook Account

Video Credit:Aye Myat Thu's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။