juventusအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အသင်းက အားထားရတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်ဦးချင်းဆုတံဆိပ်တွေကို ပိုင်ဆိုင်ထားသလို real madrid manchester unitedအပြင် လက်ရှိ juventusအသင်းနဲ့ပါ ဆုတံဆိပ်တွေကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သူတစ်ယောက်ဖြစ်ပြီး အရှုံးဆိုတာကို လက်ခံလေ့မရှိတဲ့ ရော်နယ်ဒိုကတော့ အသက် ၃၀ ကျော်အရွယ်ရောက်တာတောင် ခြေစွမ်းပိုင်းရော ခန္ဓာကိုယ် အချိုးအစားပါ ကျသွားခြင်းမရှိပါဘူး။ရော်နယ်ဒိုတစ်ယောက်ကတော့ တစ်ခြားကစားသမားတွေလို အသက်ကြီးမြင့်လာရင် မောပန်းမခံနိုင် ခြေစွမ်းကျဆင်းခြင်းတွေ မရှိပါဘူး။  

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

ရော်နယ်ဒိုကတော့ လူငယ်တစ်ယောက်လို အမိုက်စားခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်နိုင်အောင် အစားအသောက်ကို သင့်တင့်မျှတအောင် စနစ်တကျ စားသောက်သလို လေ့ကျင့်ခန်းကို မပျင်းမရိနဲ့ လေ့ကျင့်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီအချက်တွေက ရော်နယ်ဒိုကို အသက်အရွယ်ကြီးမြင့်နေတာတောင် ခြေစွမ်းပြနိင်ဖို့ ထောက်ပံနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

source: cristiano 's instagram account  

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။