မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ အကယ်ဒမီဆုတွေသိမ်းပိုက်ရရှိထားပြီး အနုပညာလောကမှာ အောင်မြင်လာခဲ့တာဟာ အချိန်အတော်ကြာရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့အတူ ပြုံးရယ်လိုက်တိုင်းမှာလည်း အပြစ်ကင်းစင်လှပနေတဲ့ ထက်ထက်က လူကြီးလူငယ်မရွေးချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ထက်ထက်ရဲ့ ဇာတ်ကားတွေကလည်း အခုချိန်ထိတိုင်အောင် ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုရရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit-Htet Htet Moe Oo's FB Acc
Photo Credit-Htet Htet Moe Oo's FB Acc

လက်ရှိမှာ ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ ထက်ထက်က "မာယာရထားမောင်းတဲ့မိန်းမ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ထက်ထက်က ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ Tik Tok ဗီဒီယိုလေးတွေလည်း မကြာခဏ ရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်။ အခုလည်း ဒီဇိုင်နာမျိုးမင်းစိုးက ထက်ထက်နဲ့အတူ သရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေထားတာဖြစ်ပါတယ်။

Photo Credit-Htet Htet Moe Oo's FB Acc
Photo Credit-Myo Min Soe's FB Acc

အေသင်ချိုဆွေရဲ့သီချင်းလေးနဲ့အတူ Tik Tok ကစားထားတဲ့ ထက်ထက်မိုးဦးနဲ့ မျိုးမင်းစိုးတို့နှစ်ယောက်ကတော့ တကယ့်ကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ ထက်ထက်က လူငယ်ဆန်ဆန် ဦးထုပ်လေးဆောင်းပြီး အိုက်တင်လေးတွေ အပီအပြင်လုပ်ပြလိုက်တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးနဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Myo Min Soe's Tik Tok Acc  

Photo Credit-Myo Min Soe's Tik Tok Acc
Photo Credit-Myo Min Soe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။