ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာရေပြင်မှာ လူသိများ နာမည်ကျော်တဲ့ "Queen Mary" သင်္ဘောကြီး အကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်တစား ဖတ်ရှုရအောင် ရေးသားဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ ထိုသင်္ဘောကြီးကို ကြီးကျယ်ခမ်းနားတဲ့ Hotel တစ်ခုအဖြစ်လည်း ပြန်လည် တည်ဆောက်ခဲ့ပါသေးတယ်။ အဆိုပါ သင်္ဘောကြီး အကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ ပြည်တွင်း ပြည်ပ အားကစားသတင်း၊ game အကြောင်းအပါအဝင်၊ ဗဟုသုတအကြောင်းအရာ အမျိုးမျိုးကို အမြဲတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်နော်။

photo credit pngtree

ကဲ စိတ်ဝင်စားစရာကောင်းလွန်းတဲ့ "Queen Mary" သင်္ဘောကြီး အကြောင်းကို ပြန်လည်သွားလိုက်ကြရအောင်....။ ထိုသင်္ဘောကြီးကို ၁၉၃၀ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ် မေလ ၂၇ ရက်နေ့မှာတော့ သမုဒ္ဒရာ ပင်လယ်ရေပြင်သို့ ခရီးသည်တင် သင်္ဘောအနေနဲ့ ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ဒါ့အပြင် ၁၉၃၉ ခုနှစ် ကမ္ဘာစစ်ဖြစ်ပွားချိန်ကာလမှာ စစ်ရေယာဉ်အနေနဲ့ သုံးခဲ့ပြန်ပါတယ်။ ထိုသင်္ဘောကြီး တစ်ခါ သယ်ဆောင်တဲ့အခါမှာ စစ်သားတွေနဲ့ ခရီးသည်ဦးရေ စုစုပေါင်း ၁၆၆၈၃ ယောက်လောက်အထိ များပြားခဲ့ပါတယ်။

photo credit pngtree

ကမ္ဘာစစ်ကြီး ပြီးသွားတဲ့အခါမှာတော့ ခရီးစဉ် ၁၃ခုအထိ စစ်တပ်ကို ဝန်ဆောင်မှုပေးခဲ့ပါသေးတယ်။ ၁၉၆၀ ခုနှစ်မှာတော့ ပုံစံရိုးဟောင်းသွားပြီ ဖြစ်တဲ့ သင်္ဘောကြီးကို သေသေချာချာ လှလှပပ ဖြစ်အောင် ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့ပြီး ခရီးသည်တင် သင်္ဘောကြီးအနေနဲ့ ထပ်မံ ဝန်ဆောင်မှုပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ သင်္ဘောကြီးရဲ့ "Boilers" ဘွိုင်လာတွေ ချို့ယွင်းပျက်စီးမှု ဖြစ်ခဲ့ပြီး ကြံ့ခိုင်မှု မကောင်းတော့တဲ့ အခါမှာတော့ အဲ့သင်္ဘောကြီးကို Long Beach မှာ သောင်ထိုးတင်ပြီး Hotel တစ်ခု ဆောက်လုပ်ဖို့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Source သံ ဇဉ် မိုးဇတ်

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။