ပရိသတ်အချစ်တော် လွှမ်းပိုင်ကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ Hip Hop နဲ့ R & B ဂီတအမျိုးအစားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတတ်တဲ့ လွှမ်းပိုင်က ကိုယ်တိုင်လည်း သီချင်းတွေရေးစပ်သီဆိုလေ့ရှိတာ ဖြစ်ပါတယ်။ သီချင်းတွေမြောက်များစွာ ထွက်ရှိအောင်မြင်ထားတဲ့ လွှမ်းပိုင်က လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။

Photo Credit- RBV
Photo Credit- RBV
Photo Credit- RBV

လွှမ်းပိုင်အနေနဲ့ အဆိုတော်မလေး Bobby Soxer နဲ့အတူ လက်တွဲလာခဲ့တာကလည်း ချစ်သူသက်တမ်း (၁၀)နှစ်ကျော်တောင် ရှိနေပြီဖြစ်ပါတယ်။ သွားအတူ လာအတူနဲ့ အမြဲတမ်းတွဲတွေ့ရတတ်တဲ့ လွှမ်းပိုင်တို့စုံတွဲလေးကို ပရိသတ်တွေကပါ အရမ်းအားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း လွှမ်းပိုင်တို့စုံတွဲလေးက ပွဲအခမ်းအနားတစ်ခုကို အတူတွဲပြီး တက်ရောက်ခဲ့ကြပါတယ်။

Photo Credit- RBV
Photo Credit- RBV
Photo Credit- RBV

လွှမ်းပိုင်နဲ့ B Sox တို့နှစ်ယောက်က "Food Panda'' ဆိုတဲ့ပွဲလေးကို ဆင်တူဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ ပွဲတက်လာကြတဲ့ လွှမ်းပိုင်တို့စုံတွဲလေးကတော့ ပန်းရောင်ဖက်ရှင်လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ လွှမ်းပိုင်နဲ့ B Sox တို့ချစ်သူနှစ်ဦးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Hlwan Paing FB Page

Photo Credit- RBV

Photo Credit- RBV
Photo Credit- RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။