ပရိသတ်ကြီးရေ.. ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေနဲ့အတူ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် လျှောက်လှမ်းနေသူလေးကတော့ သရုပ်ဆောင်ယွန်းယွန်းပဲ ဖြစ်ပါတယ်နော်..။

ချောမောလှပတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ယွန်းယွန်းလေးကတော့ ပြုံးလိုက်တိုင်း ချစ်စရာကောင်းနေတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။

Photo Credit - Amazing Grace
Photo Credit - Yoon Yoon's Facebook Account

ယောကျ်ားလေးပရိသတ်တွေအများဆုံးရရှိထားပြီး မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြတဲ့ ယွန်းယွန်းလေးကတော့ မကြာသေးခင်ကမှ အသက်(၂၀)ပြည့်သွားခဲ့တာဖြစ်ပြီး သူမအနေနဲ့ အခုထိ ကိုယ့်ကိုကိုယ် ကလေးလေးတစ်ယောက်လို့ပဲ မြင်နေသေးတယ်လို့ ဆိုလာပါတယ်..။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၉)ရက်နေ့က အသက်(၂၀)ပြည့်မွေးနေ့လေးကျရောက်ခဲ့တာဖြစ်ပြီး အသက်က (၂၀)ထဲ ဝင်လာပေမယ့် ကိုယ့်ကိုကိုယ်တောင် မယုံနိုင်သေးဘဲ အခုထိ ဆယ်ကျော်သက်လို့ပဲ ခံစားနေရတုန်းပဲ ဆိုပြီး ယွန်းယွန်းက ပြောပြထားတာပါ..။


Photo Credit - Ma Hsu Myat Noe
Photo Credit - Ma Hsu Myat Noe

သူမရဲ့မွေးနေ့ပါတီလေးကိုလည်း မိသားစုမိတ်ဆွေသူငယ်ချင်းများအပြင် အနုပညာရှင်များနဲ့အတူ စည်စည်ကားကား ကျင်းပပြုလုပ်ပြီး မနက်ပိုင်းမှာ ပြုလုပ်တဲ့ မွေးနေ့အလှူလေးအကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

အသက်တစ်နှစ်ကြီးသွားပေမယ့် ဘာမှတော့ အဲ့လိုမပြောင်းလဲသွားတာမို့ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ကိုယ်ဝါသနာပါတဲ့ ကိုယ့်အတွက် အကျိုးရှိတာတွေနဲ့ ပညာရပ်တွေ ထပ်ပြီးတော့ လေ့လာမယ်ဆိုပြီးတော့လည်း တွေးထားပါတယ်ဆိုတဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ယွန်းယွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Ma Hsu Myat Noe
Photo Credit - Yoon Yoon's Facebook Account

Photo Credit - Ma Hsu Myat Noe & Amazing Grace & Yoon Yoon's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။