ပရိသတ်ကြီးရေ မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ ချစ်အစ်မတွေနဲ့အတူ"မင်းသမီး ပိုးထည်တိုက်"ဆိုင်လေးကို စုပေါင်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။စိုးပြည့်လေးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို အားပေးဝန်းရံကြတာပါနော်။စိုးပြည့်က လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ကြိုးစားလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

စိုးပြည့်သဇင်ကလည်း အနုပညာမျိုးရိုးကဆင်းသက်လာတာကြောင့် သူမရဲ့အနုပညာအရည်အသွေးတွေကလည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျပါတယ်နော်။စိုးပြည့်ကတော့ ရှုတင်အားတဲ့ရက်တွေမှာဆို "မင်းသမီး ပိုးထည်တိုက်"ဆိုင်ကိုသွားရောက်ပြီး ဆိုင်ထိုင်ပေးကာကူညီနေတာဖြစ်ပါတယ်။တစ်ခါတစ်လေကျရင်လည်း စိုးပြည့်တို့ညီအစ်မလေးယောက်လုံးဆုံကြပြီး ပျော်ပျော်ပါးပါးဆိုင်ထိုင်ကြပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

အခုဆိုရင်တော့ စိုးမြတ်သူဇာရဲ့မိခင်နဲ့စိုးပြည့်တို့ တူဝရီးနှစ်ယောက်က အတူတူဆိုင်ထိုင်ပြီး Customerတွေကို ဖော်ရွေစွာရောင်းချပေးနေကြတာဖြစ်ပါတယ်။စိုးမြတ်သူဇာရဲ့မိခင်ကတော့"တူမငယ်လေးလည်း အနုပညာအလုပ်တွေကြားထဲက ရောက်လာတယ်။အစ်မတွေမအားချိန်မှာ သူလေးပြေးလာတော့အားရှိ"ဆိုပြီး စိုးပြည့်နဲ့အတူတူဆိုင်ထိုင်ကာ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံရိပ်လေးတွေကို မျှဝေ‌လာတာဖြစ်ပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

Source&Photo Credit:Soe Kyi Phyu's Facebook Account

Photo Credit:Soe Pyae Thazin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။