ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အပြင်ဟန်ဆောင်မှုကင်းမဲ့စွာနဲ့လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနေတတ်သူလေးကတော့ အကယ်ဒမီများရှင်မင်းသမီးချောလေးဖွေးဖွေးပါ။သူမဟာ အနုပညာလောကတွင်ဆယ်စုနှစ်တခုနီးပါးတိုင်အောင်ရပ်တည်အောင်မြင်‌နေတဲ့ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး။ဖွေးစိန်လေးဟာ လတ်တလောတွင်ပွဲအခမ်းအနားများ ရုပ်ရှင်ကားကြီးများနဲ့အနုပညာအလုပ်များကိုဆက်တိုက်လုပ်ဆောင်‌နေတာပဲဖြစ်ပါတယ်။

Photo Credit-KoNay(Amazing Grace)
Photo Credit-KoNay(Amazing Grace)

မကြာသေးမီက ဖွေးစိန်လေးဟာ သူမရဲ့facebookစာမျက်နှာတွင် ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်လာတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။သူမဟာ ဆန်းသစ်လှပတဲ့ခရမ်းရောင်၀တ်စုံလေးကို၀တ်ဆင်ထားပြီး လှပကျော့ရှင်းနေတာပဲဖြစ်ပါတယ်။ဒါ့ပြင်ဖွေးစိန်လေးရဲ့ ဆံပင်ပုံစံဟာလည်း တစ်ကယ်ကိုမိုက်လွန်းလှပါတယ်နော်။

Photo Credit-KoNay(Amazing Grace)
Photo Credit-KoNay(Amazing Grace)

ဖွေးဖွေးဟာလတ်တလောတွင် ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီကားကြီးရုံတင်ရင်ရော ပရိတ်သတ်တွေအားပေးကြမယ်မလား။လှပကျော့ရှင်းနေတဲ့ ဖွေးစိန်လေးရဲ့ပွဲတက်ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-KoNay(Amazing Grace)
Photo Credit-KoNay(Amazing Grace)

Source-Phway Phway's Facebook page

Photo Credit-KoNay(Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။