ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "The Sun of Vergina Flag" အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မက်ဆီဒိုနီးယားနိုင်ငံဟာ ၁၉၉၂ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင် လွတ်လပ်ရေးရခဲ့ပြီး ကွန်မြူနစ်တို့ အုပ်စိုးစဉ်က အသုံးပြုခဲ့သော ကြယ်နီအလံနေရာတွင် အလံသစ်တစ်ခုကို အစားထိုးရန် တီထွင်ခဲ့ကြပါတယ်။

photo credit pngtree

အလံအသစ်ဟာ အနီရောင်အောက်ခံပေါ်တွင် အဝါရောင်ကို အနီရောင်အနားကွပ်ထားတဲ့ နေလုံးမှ ရောင်ခြည် ရှစ်တန်း နှစ်ထပ်ဖြာထွက်နေပုံ ဖြစ်ပါတယ်။ အဲ့အမှတ်တံဆိပ်ဟာ ရှေးဟောင်းသုတေသနပညာရှင်များက မက်ဆီဒိုနီးယား မြို့ဟောင်း အယ်လ်ဂိုင်းကို တူးဖော်ခဲ့စဉ် တွေ့ရှိခဲ့သော ဂရိ မြို့ ဟောင်းအမှတ်အသားဖြစ်ပြီး ဗာဂျီနားကြယ် သို့မဟုတ် ဗာဂျီနားနေဟု လူသိများခဲ့ပါတယ်။

photo credit pngtree

မက်ဆီဒိုနီးယား ဆိုရှယ်လစ်များက ရှေးဟောင်း မက်ဆီဒိုနီးယားနှင့် ခေတ်သစ် မက်ဆီဒိုနီးယားနိုင်ငံအကြား သမိုင်းဆက်နွယ်မှု သင်္ကေတတစ်ခုအဖြစ် ဗာဂျီနားနေတံဆိပ်ကို သုံးစွဲခဲ့ကြပါတယ်။ သို့သော် ဂရိနိုင်ငံက နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးတွင် ဗာဂျီနာ နေမင်းအလံ လွှင့်ထူခြင်းကို တားမြစ်ရန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ ဖြေရှင်းပေးမှုကြောင့် မက်ဆီဒိုးနီးယားနိုင်ငံက အလံကို ပြောင်းလဲပေးရန် သဘောတူညီမှုရခဲ့ပြီး နှစ်နိုင်ငံ ပြဿနာများ ပြေငြိမ်းသွားခဲ့ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။