AFC Cup 2020 ခြေစစ်ပွဲ (ပထမအကျော့) အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာ ရန်ကုန်အသင်းက အင်ဒရာအသင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်အသင်းအတွက် ဂိုးတွေကိုတော့ သန်းပိုင် နှင့် ဘာဖို တို့က နှစ်ဂိုးစီ မောင်မောင်လွင် နှင့် အောင်ကျော်နိုင် တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း ကတော့ "ဒီနေ့ပွဲမှာ ကစားသမားတွေ အကောင်းဆုံး ကစားခဲ့ပြီး အနိုင်ရတဲ့အတွက် ပျော်ပါတယ်။ အင်ဒရာအသင်း က ကစားသမားတွေလည်းကောင်းတာ တာတွေ့ရပါတယ် သူတို့အသင်းကလည်း သေချာကစားနိုင်တာတွေ့ရတဲ့ အတွက် ပြိုင်ဘက်ကောင်းဖြစ်ပါတယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

နည်းပြချုပ် ဦးတင်မောင်ထွန်း ကတော့ " အဝေးကနေရော ကွင်းထဲထိလာရောက် အားပေးနေကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ် " ဟု ပြောကြားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ AFC Cup 2020 ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် အင်ဒရာအသင်းနှင့် လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့၊ သုဝဏ္ဏကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

source: Yangon United Football Club 's facebook  page

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။