မင်းသမီးချောလေးမိုယုစံကတော့ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ယခုမှာတော့ ချစ်ရတဲ့ မိသားစုကို အချိန်အပြည့်အဝပေးနေပါတယ်။ သူမကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်မက် ဖြစ်ချင်ဆုံးနဲ့ ဘုန်းကံလို့လည်းပြောလို့ရတဲ့ ကံကောင်းတဲ့အချိန်၃ချိန်ကို ပြောပြလာခဲ့ပါတယ်။

photo credit: MY DREAM One Stop Wedding Service
photo credit: MY DREAM One Stop Wedding Service

သူမကတော့ " မိန်းမတစ်ယောက်ရဲ့ အိမ်မက် ဖြစ်ချင်ဆုံးနဲ့ ဘုန်းကံလို့လည်းပြောလို့ရတဲ့ ကံကောင်းဆုံး အချိန်၃ချိန်ရှိတယ် ၁- မင်္ဂလာဆောင်ချိန် (ဘယ်မိန်းကလေးဖြစ်ဖြစ် တစ်သက်တစ်ခါဆောင်ရတဲ့ပွဲကို အခမ်းနားဆုံးဖြစ်ချင်ကြတာပဲ ချမ်းသာတာ ဆင်းရဲတာမဆိုင်ဘူး ဆောင်ထိုက်မှဆောင်ခွင့်ရတာပါ)၂-ကိုယ့်ကိုတကယ်ချစ်ပီးတန်ဖိုးထားတဲ့သူ...(အိမ်ထောင်ကျပီးတိုင်းလည်း ချစ်တာ တန်ဖိုးထားတာရချင်မှရမယ် အရင်ကချစ်ပီး ယူပီးမှမချစ်တော့တာလည်းရှိတာပဲ အိမ်ထောင်ကျပီးလည်းချစ်ခင် မြတ်နိုးတန်ဖိုးထားတဲ့ ဂရုစိုက်တတ်တဲ့သူရတာ တစ်ဘဝလုံးလက်တွဲပီး ကိုယ့်ကိုစိတ်ချမ်းသာအောင်ထား‌တာ အိမ်ထောင်ရေးကံကောင်းတယ်လို့ခေါ်တယ်) " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit: MY DREAM One Stop Wedding Service
photo credit: MY DREAM One Stop Wedding Service
photo credit: MY DREAM One Stop Wedding Service

သူမကတော့ " ၃-သားသမီးကံကောင်းတာ(သားတွေသမီးတွေတွက်ကိုယ့်ဘဝတွေ အလှတွေ အလုပ်တွေ မိတ်ဆွေတွေပေးဆပ်ခဲ့ရတဲ့မေမေတွေအများကြီးပဲ သူတို့လေးတွေကို အစစအရာရာစောင့်ရှောက်ပီးသူတို့လေး‌တွေကြီးလာပီး ကိုယ်တွေလည်းအသက်ကြီးလာတဲ့အခါ ကိုယ့်မိဘကိုလုပ်မကျွေးနိုင်တောင် ဒုက္ခမပေးတဲ့သားသမီး မိဘကိုလုပ်ကျွေးပြုစုတဲ့သားသမီးရတာလည်းကံကောင်းခြင်းတခုပဲ)ခုချိန်မှာ တွေးကြည့်ရင်း ဒါတွေဖြစ်ရင်ကံကောင်းတယ်လို့ယူဆမိတဲ့ ၃ချက်ပါ ဒီထက်ပိုတော့ကံကောင်းချင်တာပေါ့နော် ခုထိတော့မေမေတစ်ယောက်ကံကောင်းသေးတော့ ခုလိုလှနေတာလို့ထင်တာပဲ(စတာနော် မလှ လှအောင်နေနေရတာပါ) " ဆိုပြီး ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Moe Yu San 's facebook account 

photo credit: MY DREAM One Stop Wedding Service
photo credit: MY DREAM One Stop Wedding Service

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။