ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ဒွေး၊ လူမင်း၊ လွင်မိုး၊ နန္ဒာလှိုင်တို့နဲ့အတူ တစ်ခေတ်တည်းပေါ်ပေါက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကြော်ငြာဘုရင်မလို့တောင် ပရိသတ်တွေရဲ့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ထက်ထက်မိုးဦးက တစ်ခေတ်တစ်ခါက ကြော်ငြာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့အိုက်တင်တွေကလည်း ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာက ယနေ့အချိန်အထိပဲ ဖြစ်ပါတယ်။

Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page

ထက်ထက်မိုးဦးက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားထားခဲ့ပေမယ့် အခုချိန်မှာတော့ သူမချစ်တဲ့ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက ရဲရင့်အောင်၊ အိချောပို၊ နန်းဆုဦး၊ ရွှေအိမ်စည်တို့ပါဝင်တဲ့ "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ ထက်ထက်က အခုလည်း ရိုက်ကွင်းပုံလေးတွေကို တင်ပေးထားပါတယ်။

Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page

ထက်ထက်မိုးဦးက "မာယာရထားမောင်းတဲ့မိန်းမ" ဇာတ်ကားကြီးကို ပုဂံမှာသွားရောက်ရိုက်ကူးနေတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းအပြုံးလှလှလေးတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ ထက်ထက်က အခုလည်း အရွယ်တင်နုပျိုပြီး လှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတဲ့ မင်းသမီးချော ထက်ထက်မိုးဦးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Htet Htet Moe Oo FB Page

Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page
Photo Credit-Htet Htet Moe Oo FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။