ချိုသာတဲ့ အပြုံးလေးကြောင့် ပရိသတ်တွေ ချစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပုဂံမြို့သူ ဆိုတဲ့ ဇာတ်လမ်းတွဲလေးဟာလည်း ပရိသတ်တွေကြားမှာ ယနေ့ထိတိုင်အောင် ရေပန်းစား လူကြိုက်များနေဆဲပါပဲ။  

Photo Credit - May Myint Mo's Facebook Account
Photo Credit - May Myint Mo's Facebook Account

သူမဟာ မကြာသေးခင်ကလည်း ရှမ်းပြည်နယ်တွင် သရုပ်ဆောင် အောင်ရေချမ်း၊ ကျော်ဆုတို့နဲ့အတူ ဇာတ်ကားရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံတွင် ပြသနေတာ ဖြစ်တာကြောင့် စင်ကာပူက ပရိသတ်တွေနဲ့အတူ တွေ့ဆုံခဲ့ပါသေးတယ်။ လတ်တလောမှာလည်း မေလေးတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူး ဖြစ်နေတာပါ။  

Photo Credit - May Myint Mo's Facebook Account
Photo Credit - May Myint Mo's Facebook Account
Photo Credit - May Myint Mo's Facebook Account

မကြာသေးခင်ကလည်း သူမရဲ့ Facebook Myday မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကြော်ငြာရိုက်ကွင်းတွင် ပီဇာကိုအားရပါးရစားနေတဲ့ အုပ်စိုးခန့်၊ထူးအောင်နဲ့ယွန်းယွန်းတို့ကို ဆေးထိုးလိုက်တဲ့ မေမြင့်မိုရ်ရဲ့ Video လေးကို တင်ထားတာပါ။ သူတို့ လေးယောက်လုံးဟာ ရှုတင်မှာ ပျော်ပျော်ပါးပါးရိုက်ကူးရေးတွေ လုပ်နေကြတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - May Myint Mo's Facebook Myday

Photo Credit - May Myint Mo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။