အဆိုတော်အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ပေမယ့် ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားဆဲပဲဖြစ်ပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့နှစ်ယောက်က Our Travel Diaries ဆိုတဲ့Pageလေးကိုထောင်ပြီး သူတို့ရဲ့ခရီးသွား Blogတွေကို မျှဝေပေးနေတာဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲဗီဒီယိုဖိုင်လေးကို အားပေးကြည့်ရှု့ကြလို့ အာဘွိုင်းတို့ရဲ့Pageလေးက follower (၃)သိန်းနီးပါရှိပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Yeminlay Photography
Photo Credit:Yeminlay Photography
Photo Credit:Kan Su Ho

မြတ်ရတနာကျော်က သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး Scarlett လေးကလည်း မိခင်နဲ့ချွတ်စွပ်တူတာကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပါးဖောင်းဖောင်းလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်နော်။မြတ်ရတနာကျော်တို့ဇနီးမောင်နှံကလည်း သမီးလေးကိုသေချာဂရုစိုက်စောင့်ရှောက်ပေးတာကြောင့် Scarlett လေးက ကျန်းကျန်းမာမာနဲ့လှလှပပလေးကြီးပြင်းလာတာဖြစ်ပါတယ်။အာဘွိုင်းတို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်နဲ့ အပြန်အလှန်ဂရုစိုက်ကြင်နာကြလို့ ပျော်ရွှင်စရာမိသားစုလေးပါနော်။

Photo Credit:Kan Su Ho
Photo Credit:Kan Su Ho
Photo Credit:Kan Su Ho
Photo Credit:Kan Su Ho

မြတ်ရတနာကျော်ကတော့ သမီးတစ်ယောက်မွေးဖွားထားတဲ့မိခင်လို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေပြီး သူမကလည်းအရုပ်မလေးလိုချစ်ဖို့ကောင်းပါတယ်။အခုဆိုရင်တော့ မြတ်ရတနာကျော်က (၂၂.၁.၂၀၂၀)ရက်နေ့မှာ အသက်(၂၅)နှစ်ပြည့်သွားပြီဖြစ်လို့ သူမရဲ့ချစ်ခင်ပွန်းကလည်း သူမအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။မွေးနေ့အမှတ်တရပုံရိပ်လေးအဖြစ် ပူဖောင်းတွေကြားမှာပျော်ရွှင်နေပြီး ဂါဝန်လေးနဲ့အရမ်းလှနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Kan Su Ho
Photo Credit:Kan Su Ho
Photo Credit:Kan Su Ho
Photo Credit:Kan Su Ho

Photo Credit:Kan Su Ho

Source:Myat Yadanar Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။