ပရိသတ်ကြီးရေ "နှင်းဆီ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားချောလေး စည်သူဝင်းနဲ့ မင်းသမီးချောလေး ဝေလာရီတို့နှစ်ယောက်ကိုတော့ အားလုံးကရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ အနုပညာရှင်နှစ်ဦးဖြစ်ပြီး "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာ ပထမဆုံးအနေနဲ့ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc

အခုနောက်ပိုင်းမှာဆိုရင်လည်း စည်သူဝင်းနဲ့ ဝေလာရီတို့နှစ်ယောက်က Photo Shooting လေးတွေနဲ့ ကြော်ငြာတွေမှာ အတူသရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ အတွဲညီညီနဲ့ သရုပ်ဆောင်တတ်တဲ့ သူတို့နှစ်ယောက်က တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့ အနုပညာမောင်နှမတွေလို့လည်း ဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း စည်သူဝင်းနဲ့ ဝေလာရီတို့က " Grandma’s Style (အဖွားလက်ရာ) " စည်သွတ်ဘူး ကြော်ငြာလေးမှာ ပါဝင်ရိုက်ကူးခဲ့ကြပါတယ်။

Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုတော့ ဝေလာရီက "Grandma’s Style (အဖွားလက်ရာ) စည်သွတ်ဘူးတွေအတွက် Commercial Video & Photo လေးရိုက်ပေးထားပါတယ် ..ငယ်ငယ်က တစ်ခါ ရိုက်ပေးဖူးတယ် .. Grandma အတွက် ဒါလေးက ဒုတိယမြောက် ရိုက်ပေးဖြစ်တာလေး နှင်းဆီဇာတ်လမ်းတွဲပြီးထဲက အကိုကျော်နဲ့ မော်တို့ တွဲရိုက်လိုက်ရတာ ဆိုတာ"ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ဝေလာရီတို့ရဲ့ ချစ်စရာရိုက်ကွင်းပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Wai Lar Ri's FB Acc 

Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc
Photo Credit-Wai Lar Ri's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။