ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ တစ်ခေတ်တစ်ခါကတည်းကအနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိလာတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့ သားတစ်ယောက်သမီးတစ်ယောက်ကိုမွေးဖွားထားပြီး အခုချိန်မှာဆိုရင် သားနဲ့သမီးကလည်းဆယ်ကျော်သက်အရွယ်တွေကိုရောက်ရှိလာပြီဖြစ်လို့ မေမေ့အတွက်အားကိုးရတဲ့သားသမီးတွေဖြစ်လို့နေပါပြီနော်။

Photo Credit:Khin Zar Chi Kyaw's Facebook Page
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography

ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း မေမေ့ရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေကို ပညာရေးတစ်ဖက်နဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ဘုန်းမင်းနေလကတော့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ဆောင်ရွက်ရင်းပရိသတ်တွေကသတိထားမိလာကာ နောက်ပိုင်းမှာလည်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီး အားပေးဝန်းရံကြတာဖြစ်ပါတယ်။ထင်သစ္စာကတော့ မေမေရဲ့အလှအပတွေကိုအကုန်ယူထားပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့အရမ်းချစ်ဖို့ကောင်းပါတယ်နော်။

Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography

ထင်သစ္စာကလည်း မေမေနဲ့အတူပွဲအခမ်းအနားတွေကိုတက်ရောက်ပြီး ကြော်ငြာတွေကိုလည်းအနည်းအကျဉ်းရိုက်ကူးနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ခင်ဇာခြည်ကျော်တို့သားအမိသုံးယောက်လုံးကိုချစ်ခင်ကြပြီး အနုပညာနဲ့ပက်သက်ရင်လည်းတစ်ခဲနက်အားပေးကြပါတယ်။အခုဆိုရင်တော့ ခင်ဇာခြည်ကျော်က"ကျွန်မ သား နဲ့ သမီး ဘယ် လောက် ချစ် စရာ ကောင်းလဲ "ဆိုပြီးဘုန်းမင်းနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။ 

Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography

Photo Credit:Thu Rein Photography

Source:Khin Zar Chi Kyaw's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။