ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်း ရရှိပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာအလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်သလို ချစ်ရတဲ့မိသားစုကိုလည်းအချိန်ပေးပြီး အစစအရာရာဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ထွန်းအိန္ဒြာဗိုလ်ရဲ့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ရှိပြီး သူမရဲ့ချစ်ခင်ပွန်းကလည်းအနုပညာအလုပ်တွေကိုအပြည့်အဝနားလည်ပေးကာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတာကြောင့် ပျော်ရွှင်စရာမိသားစုလေးပဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံရဲ့တစ်ဦးတည်းသောသားလေးကတော့ ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီး ပညာရေးမှာလည်းထူးချွန်သလို အားကစား၊အနုပညာမှာလည်းပါရမီပါလို့ ဘက်စုံတော်တဲ့သားလေးပါနော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံကတော့ သားချောလေးကိုလည်းသေချာဂရုစိုက်ပြီးသင်ကြားပြသပေးကာ သားလေးဂေါက်ရိုက်၊စကိတ်စီးတဲ့အချိန်မှာလည်း လိုက်စောင့်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သားသားလေးရဲ့မွေးနေ့လေးမှာ မိသားစုသုံးယောက်တည်းအပြင်မှာညစာထွက်စားကြပြီး ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ထွန်းအိန္ဒြာဗိုလ်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

Photo Credit:Mi Mi Khine's Facebook Account

Source:Mi Mi Khine's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။