MRTV-4မင်းသမီးချောလေး နေခြည်ရွှန်းလက်ဟာ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပရိသတ်တွေစတင်သိရှိခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆံပင်အရှည်လေးက သူမရဲ့ ဆွဲဆောင်မူတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာဖြစ်ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ 

Photo Credit;Nay Chi Shoon Lak's facebook account
Photo Credit;Nay Chi Shoon Lak's facebook account

သူမက ယခုလက်ရှိ MRTV-4မှာပြသနေတဲ့ အခန်းနံပါတ်? ဆိုတဲ့ဇာတ်လမ်းတွဲမှာ နန်းစောဆိုတဲ့ ကောင်မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ နေခြည်လေးက မျက်နှာလေးက အေးချမ်းပြီး ချစ်စရာကောင်းတဲ့ သူပဲဖြစ်ပါတယ်နော်။ ရှမ်းမလေးလို ဝတ်ဆင်ထားပြီး “ ချစ်တက်ရင် အရာရာက အေးချမ်းနေပြီး လှနေသလိုမျိုးလေးပေါ့ “ ဆိုပြီး Captionလေးရေးကာ ရိုးရိုးလေးနဲ့ပိုစ့်ပေးထားတာပြီး သူမရဲ့ ဖေ့ဘွတ်အကောင့်မှာ တင်ထားတဲ့ ပုံလေးတွေက ချစ်စရာလေးနော်…။ 

Photo Credit;Nay Chi Shoon Lak's facebook account

နေခြည်လေးရဲ့ မျက်ဝန်းလေးတွေက ဝန်းလဲ့တောက်ပနေတာကြောင့် သူမရဲ့ My Dayမှာ အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်းဆိုပြီး စနောက်ထားတာဟာလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့ ပါတယ်နော်။ သူမရဲ့ အေးချမ်းလှပတဲ့ ပုံလေးတွေနဲ့အတူ ချစ်တက်ရင် အရာရာက အေးချမ်းနေပြီး လှနေသလိုမျိုးပေါ့ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။ 

Photo Credit;Nay Chi Shoon Lak's facebook account
Photo Credit;Nay Chi Shoon Lak's facebook account

Source;Nay Chi Shoon Lak's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။