ညီညီမောင် (စမ်းချောင်း) နဲ့ လင်းလင်းတို့နှစ်ယောက်ကတော့ အောင်မြင်ကျော်ကြားလူသိများနေတဲ့ ပရိသတ်အချစ်တော် မိတ်ကပ်ပညာရှင်နှစ်ဦးပဲ ဖြစ်ကြပါတယ်။ အလှဖန်တီးရှင်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ သုသုတို့က အနုပညာလောကမှာပါ နေရာရအောင်မြင်နေတာပဲဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်က လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေရပြီ ဖြစ်ပါတယ်။

Photo Credit- Nyi Nyi Maung's FB Acc
Photo Credit- Lin Linn's FB Acc
Photo Credit- Nyi Nyi Maung's FB Acc

လင်းလင်းနဲ့ သုသုတို့သူငယ်ချင်းနှစ်ယောက်က "ကျားကျားကြိုက်ကြိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံးအနေနဲ့ ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သုသုတို့က ဇာတ်ကားတွေနဲ့ ကြော်ငြာတွေလက်ခံရိုက်ကူးခဲ့ရပြီး အခုလည်း တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "အထိန်းတော်" ဇာတ်ကားကို ပြင်ဦးလွင်မှာသွားရောက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ သုသုတို့က ရိုက်ကွင်းမှာအတူတူ Tik Tok ကစားခဲ့ကြပါသေးတယ်။

Photo Credit- Nyi Nyi Maung's FB Acc
Photo Credit- Lin Linn's FB Acc

လင်းလင်းနဲ့ သုသုတို့က အေသင်ချိုဆွေသီဆိုထားတဲ့ "ခွင့်လွှတ်နော်" သီချင်းလေးနဲ့ Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူသရုပ်ဆောင်ထားတဲ့ ဒီဗီဒီယိုလေးကိုတော့ လင်းလင်းက " ချစ်ရတဲ့မေမေ မေမြို့လာတုန်းလေးပျော်ပျော်ပါးပါး" ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းလင်းတို့သူငယ်ချင်းတစ်စုရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Lin Linn's FB Acc 

Photo Credit- Lin Linn's FB Acc
Photo Credit- Nyi Nyi Maung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။