ပရိသတ်ကြီးရေ.. ကျရာကာရိုက်တာတွေကို ပီပြင်ပိုင်နိုင်လွန်းပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဆယ်လီတွေအဖြစ်ရပ်တည်နေကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများ အတူရိုက်ကူးနေကြတာ ပရိသတ်တွေအသိပါပဲနော်..။

မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲမင်းသားချောနေတိုးနဲ့ မင်းသမီးချောဝတ်မှုံရွှေရည်တို့ နှစ်ယောက်ရဲ့“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေမယ့် ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်ကားလေးဖြစ်ဦးမှာပါ..။


Photo By Myanmarload
Photo Credit - Li John Photography

“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခပ်ဆိုးဆိုးကောင်မလေး(ဂျိတ်)ဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်ထားတဲ့ ရွှေကစ်လေးနဲ့ အသက်(၄၀)အရွယ်လူကြီးတစ်ယောက်အဖြစ် မြင်တွေ့ရမယ့် နေတိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာ ဇာတ်လမ်းလေးအကြောင်းကို နေတိုးက ပြောပြလာပါတယ်နော်..။

“ကာရိုက်တာတစ်ခုအပေါ်မှာ စီးမျောနိုင်အောင် ကြိုးစားကြရတာပဲ တစ်ယောက်ကိုတစ်ယောက် ဆွဲခေါ်တယ်ဆိုတာထက် ကာရိုက်ထဲမှာဝင်အောင် သွားရတယ်ပေါ့နော် ဒီကားလေးထဲမှာ နှစ်ယောက်ထိတွေ့မှုတိုင်းမှာတော့ ထိရှမှုလေးတွေရှိတယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ အပြုအမူလေးတွေ ပါတယ် လူကြီးနဲ့ လူငယ်ကြားမှာ တချို့ဟာလေးတွေကျတော့ စောင့်ထိန်းရတဲ့ ပုံစံလေးတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတယ် .. ဒီကားလေးကတော့ ကြည့်နေရင်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရသ ကြည်နူးစရာရသ ကိုတော့ အပြည့်အဝပေးစွမ်းမယ်လို့တော့ မျှော်လင့်ပါတယ်ဗျ” ဆိုပြီး ဇာတ်ကားလေးအကြောင်း ပြောပြထားတာပါ..။


Photo By Myanmarload
Photo Credit - Li John Photography

ဇာတ်ကားအတူရိုက်ရင်း ရွှေကစ်လေးရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကိုလည်း “ကစ်ကစ်ကို ပြောရမယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်ဟန်လေးတွေကိုလည်း မြင်ရတယ် ဒီကားထဲက (ဂျိတ်)ဆိုတဲ့ ကာရိုက်တာလေးကိုလည်း တော်တော်များများ ရာခိုင်နှုန်း အပြည့်အဝနီးပါးလောက်အောင် သူသရုပ်ဆောင်နိုင်တာ တွေ့ရတယ်..” ချီးကျူးစကားလေး ဆိုထားပါသေးတယ်..။

ကြည်နူးစရာကောင်းတယ် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရိုမန်တစ်ဇာတ်လမ်းလေးဖြစ်တော့ ဒီလိုဇာတ်လမ်းမျိုးက ပရိသတ်တွေအတွက်လည်း လိုအပ်တယ်ထင်သလို ဒီလိုသရုပ်ဆောင်တာကို ပရိသတ်တွေလည်း ကြိုက်မှာပဲဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ရိုက်ဖြစ်ခဲ့တာပါဆိုပြီး “မြက်နု” ရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း ပြောပြထားတဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit -

Photo Credit - Nay Toe Facebook Account
Photo Credit - Li John Photography

Photo Credit - Li John Photography & Nay Toe Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။