တေးသံရှင်စန္ဒီမြင့်လွင်ဟာဆိုရင် အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး Treasure လေးကိုသာသေချာပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်းအားတဲ့အချိန်တိုင်းမှာ သမီးလေးကိုကူထိန်းပေးပြီးအတူတူဆော့ကစားပေးကာ ချစ်ဇနီးကိုလည်းကြင်နာယုယမှုတွေပေးပါတယ်နော်။စန္ဒီမြင့်လွင်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့သိုက်သိုက်ဝန်းဝန်းရှိကြလို့ အရမ်းပျော်ရွှင်စရာကောင်းလှပါတယ်။

Photo Credit:Sandy Myint Lwin's Facebook Page/Alinn Yaung
Photo Credit:Sandy Myint Lwin's Facebook Page

စန္ဒီမြင့်လွင်တို့မိသားစုက မကြာသေးခင်ကလည်းငွေဆောင်ကမ်းခြေကို မိသားစုလိုက်ခရီးသွားပြီး အေးအေးချမ်းချမ်းနဲ့အပန်းဖြေခဲ့ကြတာဖြစ်ပါတယ်။Treasure လေးကတော့ မေမေရဲ့အလှအပတွေကိုအမွေရထားတာဖြစ်လို့ မေမေ့လိုပဲအရမ်းချစ်စရာကောင်းပြီး ကြီးလာရင်လည်းအရမ်းလှမယ့်သမီးချောလေးပါနော်။အခုချိန်မှာဆိုရင် Treasure လေးကတော့ (၆)လပြည့်သွားပြီဖြစ်ပြီး စကားတွေလည်းတီတီတာတာပြောတတ်လို့ စန္ဒီမြင့်လွင်တို့မိသားစုရဲ့ ဆည်းလည်းလေးဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook Page
Photo Credit:Sandy Myint Lwin's Facebook Page
Photo Credit:Sandy Myint Lwin's Facebook Page

မေမေစန္ဒီမြင့်လွင်ကတော့ သမီးလေးရဲ့ဘေးနားမှာတစ်ချိန်လုံးနေပြီး သေချာဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း Treasure လေးက မေမေလုပ်ပြနေတဲ့ ပုံစံလေးကိုကြည့်ပြီး အရမ်းတွေသဘောကျနေကာ မျက်နှာလေးကပြုံးရွှင်ရယ်မောနေတာပါနော်။စန္ဒီမြင့်လွင်ကလည်း သမီးလေးပျော်အောင်လို့စနေပြီး သားအမိနှစ်ယောက်အရမ်းချစ်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sandy Myint Lwin's Facebook Page
Photo Credit:Sandy Myint Lwin's Facebook Page

Source&Photo Credit:Sandy Myint Lwin's Facebook Page

Video Credit:Sandy Myint Lwin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။