ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူကတာ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို လုံ့လဝီရိယစိုက်ထုတ်ကာ ကြိုးစားတာကြောင့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်တဲ့ မင်းသမီးလေး အဖြစ်ရပ်တည်လာနိုင်တာပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် ပီပြင်ရုံသာမကဘဲ အဆိုဘက်တွင်ပါ ထူးချွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Credit -Poe Kyar Phyu Khin's Facebook Account
Photo Credit -Poe Kyar Phyu Khin's Facebook Account
Photo Credit -Poe Kyar Phyu Khin's Facebook Account

လတ်တလောမှာလည်း နယ်ပွဲတွေကို သီချင်းသွားရောက် သီဆိုဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အသံချိုချိုလေးကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရတာပါ။ သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေိကို အမြဲဝေမျှပေးနေသူတစ်ယောက်ပါ။ ပိုးကြာဖြူခင်ဟာ မိဘကျေးဇူးကို သိတတ်လိမ္မာတဲ့ သမီးလေး ဖြစ်တာကြောင့်လည်း အားလုံးက ချီးကျူးနေကြတာပါ။  

Photo Credit -Poe Kyar Phyu Khin's Facebook Account
Photo Credit -Sein Lin's Aroma Tik Tok Account
Photo Credit -Sein Lin's Aroma Tik Tok Account

ဆိုင်းမိုင်တစ်ယောက် အခုတစ်ခါမှာလည်းစားသောက်နေတာကို မထင်မှတ်ဘဲ ဆေးထိုးခံလိုက်ရတာပါ။ ဒါကတော့ သူမဟာ အစားအစာတွေအားရပါးရစားသောက်နေတုန်း Video ရိုက်ကာ ဆေးထိုးခံလိုက်ရတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ အဆိုတော် စိန်လင်း(Aroma ) ရဲ့ Tik Tok အကောင့်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Sein Lin's Aroma Tik Tok Account

Photo Credit -Poe  Kyar Phyu Khin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။