အာဘွိုင်းကတော့ တစ်ချိန်က အဆိုတော်လောကမှာ နေရာတစ်ခုရယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ ယခုမှာ အနပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ အာဘွိုင်းကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။  

photo credit : Yeminlay Photography
photo credit : Yeminlay Photography
photo credit : Yeminlay Photography

အာဘွိုင်းကတော့ ဇနီးဖြစ်သူ မြတ်ရတနာကျော်နဲ့အတူ အေးချမ်းတဲ့ မိသားစုကမ္ဘာလေးကို ဖန်တီးထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မနေ့ကတော့ အာဘွိုင်းရဲ့ ဇနီးသည်ဖြစ်သူ မြတ်ရတနာကျော်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး မွေးနေ့လေးကို ချစ်ရတဲ့ မိသားစု နဲ့ အလှူလေးလုပ်ရင်း အေးချမ်းသာယာစွာ ဖြတ်သန်းခဲ့ပါတယ်။

photo credit : Yeminlay Photography
photo credit : Yeminlay Photography
photo credit : Yeminlay Photography

မြတ်ရတနာကျော်ကတော့ " 22/1/2020 မှာ ကျရောက်တဲ့ မြတ်အသက်၂၅နှစ်ပြည့် မွေးနေ့ကို မြတ် ချစ်ရတဲ့ မိသားစု နဲ့ အလှူလေးလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ် " ဆိုပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းတို့ မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Myat Yadanar Kyaw 's facebook account

photo credit : Yeminlay Photography
photo credit : Yeminlay Photography
photo credit : Yeminlay Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။