အသံပါဝါအားကောင်းကောင်းနဲ့ဂီတလောကမှာဆယ်စုနှစ်များစွာတိုင်တဲ့အထိအောင်မြင်ကျော်ကြားနေတဲ့သူုကတော့အဆိုတော်Rဇာနည်ပါ။သူဟာတေးသီချင်းကောင်းများစွာကိုပရိတ်သတ်တွေရင်ထဲရောက်အောင်သီဆိုတတ်ပြီးဂီတလောကရဲ့ဆရာတစ်ဆူဆိုရင်လည်းမှားမယ်မထင်ပါဘူးနော်။ဒါ့ပြင်အဆိုတော်Rဇာနည်ဟာသာယာကြည်နူးဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်။


Photo Credit-Zarni Myonyunt's Facebook acc
Photo Credit-Zarni Myonyunt's Facebook acc

မကြာသေးမီကRဇာနည်ဟာသူ့ရဲ့facebookစာမျက်နှာတွင်ငပလီမှာရေကူးဝတ်စုံဝတ်ပြီးရေမကူးခင်ချစ်ချစ်နဲ့ vcall ပြောလိုက်တာဝတ်ထားတာတွေ့ပြီး ချော့မရအောင်အကြာကြီးငိုလို့ ဖုန်းချပြီးပြန်လာမှ သားအဖတွေအိမ်မှာပဲရေဆော့တော့တယ်ပေါ့ ပြောရရင်ငပလီမှာရေမထိပါ ချစ်ချစ်လေးရစ်တတ်နေပြီဆိုပြီး စာလေးရေးကာ သားအဖတွေရေဆော့နေကြတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ Rဇာနည်ဟာ သူချစ်ရတဲ့သားငယ်လေးနှစ်ယောက်ကို အချိန်ပေးရင်းပျော်ရွှင်ပီတိဖြစ်နေတာပါနော်။


Photo Credit-Zarni Myonyunt's Facebook acc
Photo Credit-Zarni Myonyunt's Facebook acc

Rဇာနည်ဟာလတ်တလောတွင်showပွဲများလိုက်လံသီဆိုနေရင်းအနုပညာလုပ်ငန်းတွေကိုအဆက်မပြတ်လုပ်ဆောင်နေတာပါ။ ပရိတ်သတ်ကြီးရော Rဇာနည်ကိုချစ်ခင်အားပေးကြမယ်မလား။ သားအဖသုံးယောက်ရေဆော့နေရင်း ပျော်နေကြတဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Zarni Myonyunt's Facebook acc
Photo Credit-Zarni Myonyunt's Facebook acc

Source-Zarni Myonyunt's Facebook acc

Photo Credit-Zarni Myonyunt's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။