ဟာသသရုပ်ဆောင်မင်းသမီးချောလေး ပွင့်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်။ သရုပ်ဆောင်ရာမှာ ပီပြင်တာကြောင့် ပရိသတ်တွေရင်ထဲ အခုထိနေရာယူနေဆဲဖြစ်ပါတယ်။ သူမရဲ့ ဝဝကစ်ကစ်ကိုယ်ခန္ဓာလေးနဲ့ ဖောင်းနေတဲ့ပါးလေးတွေက မြင်ရသူအဖို့ အသည်းယားစေမှာ အမှန်ပါပဲနော်။

Photo Credit; Pwint 's Facebook Page
Photo Credit; Pwint 's Facebook Page

ဟာသသရုပ်ဆောင်မင်းသမီးချောလေး ပွင့်က ဟာသလုပ်ရာမှာ သူများနဲ့မတူအောင် တမှုထူးခြားတဲ့ ပုံစံလေးတွေနဲ့ သရုပ်ဆောင်တာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါနော်။ သူမကို ပရိသတ်များက ဘေဘီပွင့်လို့လဲ ချစ်စနိုးနဲ့ခေါ်ကြပါသေးတယ်။ “တခါတရံမှာ ခုလိုဘာမိတ်ကပ်မှမလိမ်းထားတဲ့ နဂိုသဘာဝမျက်နှာလေးအတိုင်း အဖြူထည်ကောင်မလေး ဘေဘီပွင့်ကို တခြားမိန်းမချောလေးတွေလို ချစ်နိုင်ပါ့မလား အသဲတို့” သူမရဲ့ ဖေ့ဘွတ်ပေ့မှာ တင်ထားတာပဲဖြစ်ပါတယ်။ 

Photo Credit; Pwint 's Facebook Page
Photo Credit; Pwint 's Facebook Page

ဝဝကစ်ကစ် ဟာသသရုပ်ဆောင်မလေး ပွင့်ဟာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ မိတ်ကပ်မလိမ်းခြယ်ထားတာတောင် ပြစ်မျိုးမဲ့မထင်လှပနေတဲ့ မျက်နှာလေးကိုကြည့်ပြီး အရင်ကထက် ပွင့်ကိုပိုချစ်ပေးကြမယ်မလား ပရိသတ်ကြီးရေ။ ဟာသသရုပ်ဆောင်ပွင့်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ Captionလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်…။

Photo Credit; Pwint 's Facebook Page
Photo Credit; Pwint 's Facebook Page

Source; Pwint 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။