မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲများကို ဇန်နဝါရီ ၂၅ရက်နှင့် ၂၈ရက်များတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လာရောက် ကြည့်ရှုမည့် ပရိသတ်များအတွက် ကွင်းဝင်ကြေးအခမဲ့ ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပါကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရားဝင် ထုတ်ပြန်ထားပါတယ်။

photo credit : MFF ' s facebook page
photo credit : MFF ' s facebook page
photo credit : MFF ' s facebook page

ယနေ့ ဇန်နဝါရီ ၂၃ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ မန္တလေးဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခဲ့ပြီး ညနေပိုင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်မည့် မန္တလာသီရိအားကစားကွင်းတွင် လေ့ကျင့်ရေးအစီအစဉ်များ ပြုလုပ်မည်ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

photo credit : MFF ' s facebook page
photo credit : MFF ' s facebook page
photo credit : MFF ' s facebook page

မြန်မာအမျိုးသမီးအသင်းဟာ ထိုင်းအမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ရန်အတွက် မန္တလေးမြို့သို့ လာရောက်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ မြန်မာအသင်းနှင့်ယှဉ်ပြိုင်မည့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းဟာ ယနေ့ညနေပိုင်းတွင် မန္တလးမြို့သို့ရောက်ရှိကာ လေ့ကျင့်ရေးအစီအစဉ်များစတင်မည်ဖြစ်ပါတယ်။

source: MFF ' s facebook page

photo credit : MFF ' s facebook page
photo credit : MFF ' s facebook page
photo credit : MFF ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။