ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့အပြင် ကလေးလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ စကားပြောဟန်လေးတွေ၊ ဖြူဝင်းပြီးလှပလွန်းတဲ့အသားအရေလေးနဲ့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့လည်း ယောကျ်ားလေးတွေအပြင် မိန်းကလေးတွေကပါ သည်းသည်းလှုပ် ချစ်နေကြရတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Li John Photography
Photo Credit - Li John Photography

အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ ပရိသတ်အသည်းကျော်လေး ရွှေကစ်ကတော့ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်အဖြစ် ထိပ်တန်းက ရပ်တည်နေပြီး အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေတာလည်း ပရိသတ်တွေ အသိပါပဲနော်..။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ပရိသတ်ချစ်တဲ့ရွှေကစ်လေးဟာ ဘယ်ဇာတ်ရုပ်ကိုမဆို ကာရိုက်တာဝင်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။


Photo Credit - Li John Photography
Photo Credit - Dior By Heart

လတ်တလောအထိ နေတိုးနဲ့နှစ်ယောက်အတူ ရိုက်ထားတဲ့ နောက်ဆုံးဇာတ်ကားလေးဖြစ်တဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆယ်ကျော်သက်ချာတိတ်မလေးတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတဲ့ ခံစားချက်လေးချက်လေးတွေကို ပြောပြရင်း ကာရိုက်တာတိုင်းကို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်တတ်တဲ့သူ တစ်ယောက်ဖြစ်ချင်တဲ့အကြောင်းလေးကိုပါ ပြောပြထားတာပါ..။

ကဲ.. ပရိသတ်ကြီးရေ.. ချစ်စရာကောင်းတဲ့ ရွှေကစ်လေးကတော့ သူမရဲ့အသက်အရွယ်နဲ့ အများကြီးကွာတဲ့ ဆယ်ကျော်သက်အရွယ်ချာတိတ်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ခံစားချက်လေးတွေကို ဘယ်လိုပြောပြထားလဲဆိုတာ အခုတင်ဆက်ပေးထားတဲ့ ဗီဒီယိုဖိုင်လေးမှာ အားလုံးနဲ့အတူ ကြည့်လိုက်ရအောင်နော်..။

Photo Credit - Li John Photography
Photo Credit - Li John Photography

Photo Credit - Li John Photography & Dior By Heart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။