မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger အဖြစ် ပရိသတ်တွေရဲ့အားပေးမှုကို ပထမဆုံးရရှိပြီး အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ နေခြည်ဦးက ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေတော်တော်များများရဲ့အားပေးမှုကိုပါ ရရှိထားတာဖြစ်ပါတယ်။ နေခြည်ဦးရဲ့ဖက်ရှင်တွေကလည်း အမြဲဆန်းသစ်နေတာကြောင့် အားလုံးကစိတ်ဝင်စားနေရတာဆိုရင်လည်း မမှားပါဘူး။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

လက်ရှိမှာတော့ နေခြည်ဦးအနေနဲ့ ကြော်ငြာလေးတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း နေခြည်ဦးက "အိပ်မက်တွေမိုးထားတဲ့အိမ်" ဇာတ်လမ်းတွဲလေးကို မင်းသားချော မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အုပ်စိုးခန့်တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေကို အသစ်တင်ပေးထားပါတယ်။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

ခပ်မိုက်မိုက်ဖက်ရှင်လေးကို စတိုင်ကျကျဝတ်ဆင်ထားတဲ့ နေခြည်ဦးက မျက်မှန်တစ်လက်တပ်ပြီး ပို့စ်ပေးထားတာပဲ ဖြစ်ပါတယ်။ နေရောင်အောက်မှာ အမိုက်စားဖြစ်နေတဲ့ နေခြည်ဦးကတော့ " Drama များလွန်းတဲ့ ကိုယ့်ဘဝထဲ မဝင်လာချင်ပါနဲ့ကွာ #naychioo #dramaticlifestyle"ဆိုပြီး ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ အထာကျကျပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Nay Chi Oo's FB Acc 

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။