အကယ်ဒမီရွှေကြိုအဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အပြည့်အဝပိုင်ဆိုင်ထားသူတွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံကလည်း တစ်ဦးအပါအဝင်ပါပဲ..။

ချစ်စရာကောင်းပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဆောင်းယွန်းစံကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေတာမို့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေလည်း သိသိသာသာမြင်တွေ့ကြမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပရိသတ်အချစ်တော်လေး ဆောင်းယွန်းစံဟာ ဒီကနေ့မှာ ကျရောက်လာတဲ့ သူမရဲ့မွေးနေ့လေးမှာ ချစ်ရသူတွေနဲ့အတူ ကောင်းမှုကုသိုလ်လေး ပြုလုပ်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့တာကိုလည်း ချစ်ပရိသတ်တွေအားလုံး မြင်တွေ့နိုင်ဖို့ Myanmarload မှ ဖော်ပြပေးသွားမှာပါနော်.။

ဆောင်းယွန်းက သူမရဲ့မွေးနေ့အလှူလေးအဖြစ် ဒီကနေ့ဇန်နဝါရီ(၂၃)ရက်နေ့ မနက် (၁၀)နာရီက ရုပ်ရှင်အစည်းအရုံးမှာ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ အမေများအဖွဲ့အတွက် ဆန် ဆီ ဆားတို့ကို လှူဒါန်းကုသိုလ်ယူခဲ့တာဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပကာသနတွေမပါဘဲ သဒ္ဓါတရားထက်သန်ပြီး ရိုးရိုးရှင်းရှင်းနဲ့ မွန်မြတ်တဲ့ ဆောင်းယွန်းလေးရဲ့ မွေးနေ့အလှူလေးမှာတော့ တစ်ယောက်ချင်းကို မွေးနေ့ကိတ်လေးတွေ လိုက်ခွံ့ပြီး အပြန်အလှန် အနမ်းလေးတွေပေးနေကြတဲ့ အမေများနဲ့ ဆောင်းယွန်းလေးတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကတော့ တကယ်ကိုချစ်စရာကောင်းပြီး ပျော်ရွှင်စရာလည်း ကောင်းလွန်းတာကြောင့် ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ကဲ ချစ်ရတဲ့ Myanmarload မှ ချစ်ပရိသတ်ကြီးရေ.. ဒီကနေ့မှာ မွေးနေ့ကျရောက်တဲ့ Birthday Girl လေး ဆောင်းယွန်းရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်တွေရင်ထဲမှာလည်း ကြည်နူးမှုလေးတွေနဲ့ အပျော်လေးတွေ ကူးစက်စေမှာမို့ အားလုံးနဲ့အတူ သာဓုလေးတွေခေါ်ကာ ဆောင်းယွန်းအတွက် မွေးနေ့ဆုတောင်းလေးလည်း ဆုတောင်းပေးလိုက်ရအောင်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။