ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူဆိုရင် သူမရဲ့ ပါးချိုင့်လေးကို အရင်မြင်မိမယ်ထင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ သူမဟာ ဝါရင့်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ပြုံးလိုက်တိုင်း ပါးနှစ်ဖက်မှာပေါ်လာတဲ့ ပါးချိုင့်လေးဟာ သူမရဲ့ ဆွဲဆောင်မှုတစ်ခုလည်းဖြစ်နေပါတယ်။ 

Photo Credit; Aye Myat Thu's Facebook Account
Photo Credit; Aye Myat Thu's Facebook Account

အကယ်ဒမီအေးမြတ်သူဟာ သရုပ်ဆောင်ရာမှာ ပီပြင်လွန်းတာကြောင့် အကယ်ဒမီဆုကို ထိုက်တန်စွာရရှိထားသူလည်းဖြစ်သလို သူမရဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံမှုတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ပရိသတ်အချစ်ောတ် မမြတ်လေးဟာ လားရှိုးမြို့ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ “ဧည့်ဝတ်ကျေသောလားရှိုး ဒီဆိုင်လေးက စားလို့ကောင်းလို့….လက်တို့ပါရစေနော်”ဆိုပြီး အစားအသောက်ကောင်းကောင်းလေးတွေကို မြိန်ရှက်စွာစားသောက်နေတဲ့ ပုံတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် တင်ထားတာပဲဖြစ်ပါတယ်နော်…။ 

Photo Credit; Aye Myat Thu's Facebook Account
Photo Credit; Aye Myat Thu's Facebook Account

အစားအသောက်ကောင်းတွေကို မျှဝေပေးနေတဲ့ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကို အရင်ကထက်ပိုချစ်မိမယ်ထင်ပါတယ်။ ပန်းစီးလေးကို ကိုင်ထားပြီး ပိုစ့်ပေးနေတဲ့ ပုံလေးကလည်းချစ်စရာလေးမို့ ပရိသတ်တွေကိုလည်း အချစ်ပိုသဘောကျစေမှာပါနော်။ အစားအသောက်ကောင်းတွေကို ချစ်ပရိသတ်တွေအတွက် လက်တို့ပြီး မျှဝေပြောပြလိုက်တဲ့ မမြတ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…..။

Photo Credit; Aye Myat Thu's Facebook Account

Source; Aye Myat Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။