တစ်ယောက်ကိုတစ်ယောက် နားလည်မြတ်နိုးမှုလေးတွေနဲ့ လိုက်ဖက်ညီလွန်းပြီး ပရိသတ်တွေအမြဲအားကျလောက်အောင် ရိုမန်တစ်ဆန်ဆန် ချစ်စရာကောင်းကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ အဆိုတော် Ah Boy နဲ့ သရုပ်ဆောင်မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေများစွာရရှိထားကြတဲ့ သူတို့စုံတွဲလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Scarlett နဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း ပရိသတ်တွေအသိပါပဲနော်..။


Photo Credit - Ye Min Ko (Yeminlay Photography)
Photo Credit - Ye Min Ko (Yeminlay Photography)

Ah Boy နဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ လတ်တလောမှာ မိသားစုနဲ့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဆောင်နေတာမို့ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း ပရိသတ်တွေကတော့ ယနေ့အချိန်ထိ စောင့်ကြည့်အားပေးနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်ကလည်း ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိကြသလို သမီးလေးတွေအတွက် ကားဝယ်ပေးဖြစ်ခဲ့တဲ့ အကြောင်းလေးကို ပြောပြလာပါတယ်..။

သမီးလေးတွေကျောင်းသွားတဲ့အချိန် သူကလည်း ရုံးတက်အလုပ်သွားရတာမို့ ရုံးသွားတဲ့အချိန်မှာ ကလေးတွေကို စိတ်ချလက်ချနဲ့ လွှတ်ချင်တာကြောင့် အခုလို ကားဝယ်ဖြစ်ခဲ့တာပါဆိုပြီး ပရိသတ်တွေကို ပြောပြထားတာပါ..။


Photo Credit - Ye Min Ko (Yeminlay Photography)
Photo Credit - Ye Min Ko (Yeminlay Photography)

ချစ်သမီးလေးတွေအတွက် PEUGEOT ကားဝယ်ပေးဖြစ်တာဟာ သူ့အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်လေး တစ်ခုပါပဲဆိုပြီးတော့ပြောပြထားသလို Scarlett လေးကို ဘယ်သူက ပိုအလိုက်ဖြစ်တဲ့အကြောင်းလေးကိုလည်း Ah Boy က ပြောပြထားပါသေးတယ်နော်..။

သမီးလေးတွေဘေးကင်းလုံခြုံဖို့ စိတ်ချလက်ချဖြစ်မယ့် Brand ကောင်းကောင်းကားလေးကို ရွေးချယ်ဝယ်ပေးဖြစ်တဲ့အကြောင်းလေးကို မျှဝေပြောပြထားတဲ့ Ah Boy ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Phyo Tun Facebook Account
Photo Credit - Ye Min Ko (Yeminlay Photography)

Photo Credit - Ye Min Ko (Yeminlay Photography)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။