မျက်ကွင်းညိုခြင်း သက်သာပျောက်ကင်းစေရန်ဘယ်လိုလုပ်မလဲ

မျက်ကွင်းညိုစေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဓါတ်မတည့်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အရေပြားပါးလွှာခြင်း၊

အရည်ဓါတ်စုစည်းမှုများခြင်းတို ့ကြောင့် မျက်ကွင်းညိုတတ်ပါတယ်။ မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။

အဲ့ဒါတွေကတော့

(၁)တစ်နေ ့တာအတွင်းမှာ ရေအလုံအလောက်သောက်သုံးပါ

ရေဓါတ်ခန်းခြောက်တဲ့အခါမှာ မျက်ကွင်းညိုခြင်းဖြစ်ပေါ်လာတတ်ပါတယ်။ တစ်နေ ့ကို အနည်းဆုံး ရေ ၆ ဖန်ခွက်မှ ၈ ဖန်ခွက်ထိသောက်ပေးပါ။

(၂)မျက်လုံးကို မထိခို်က်အောင်ဂရုစိုက်ပါ

မျက်လုံးအောက်ဘက်အရေပြားဟာ အရမ်းကို ထိလွယ်ရှလွယ်ပြီး အသက်အရွယ်ရလာတာနဲ့ အမျှ ပိုပါးလွှာလာပါတယ်။ သွေးကြောမျှင်လေးတွေဟာလည်း ပိုမို ထင်ရှားလာတတ်ပါတယ်။ အသားအရေကို အားဖြည့်ပေးဖို ့အတွက် သဘာဝပစ္စည်းတွေကို အခြေခံထားတဲ့ လိမ်းဆေးတွေကိုသာ အသုံးပြုပေးပါ။

နေရောင်ခြည်ကလည်း အသားအရေကို ထိခိုက်စေနိုင်တဲ့အတွက် နူးညံ့တဲ့ အသားအရေကို အကာအကွယ်ပေးနိုင်စေဖို ့အနည်းဆုံး SPF(Sun Protection Factor) 20 ပါတဲ့ နေကာခရင်မ်တွေကို လိမ်းပေးပါ။

(၃)အိပ်ရေးဝအောင်အိပ်စက်ပြီး အိပ်ရာမဝင်ခင်မိတ်ကပ်ဖျက်ပါ

မျက်ကွင်းညိုခြင်းမဖြစ်စေဖို ့အတွက် အိပ်ရေးဝဝအိပ်သင့်ပါတယ်။ လူအများစုဟာ ပုံမှန်အားဖြင့် တစ်ညကို အိပ်စက်ချိန် ၇ နာရီမှ ၉ နာရီအထိလိုအပ်ပါတယ်။ အိပ်ရာဝင်ခါနီးတိုင်းလည်း မိတ်ကပ်ကို မဖြစ်မနေ ဖျက်ပေးသင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် မျက်လုံးဟာ နေ ့ခင်းဘက်မှာ ပင်ပန်းနွမ်းနယ်တဲ့ အသွင်မျိုးဖြစ်နေတတ်ပါတယ်။ မိတ်ကပ်တွေဟာ အိပ်စက်နေစဉ်မှာ မျက်လုံးကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး မျက်လုံးအောက်ဘက်မှာ အရည်အိတ်တွေဖြစ်ပေါ်စေနို်င်ပါတယ်။

(၄) ဓါတ်မတည့်ခြင်းမဖြစ်အောင်ဂရုစိုက်ပါ

ဓါတ်မတည့်ခြင်းကြောင့် မျက်အိတ်ဖောင်းခြင်းကို ဖြစ်စေနို်င်ပါတယ်။

(၄) ဆား ၊အရက်နဲ ့ကဖင်းဓါတ်များ စားသုံးမုှကို လျှော့ချပါ

ဓါတ်တိုးဆန် ့ကျင်ဂုဏ်သတ္တိကြွယ်ဝတဲ့ အစားအစာများကို ပိုစားပါ။ ထိုအစာတွေမှာ မျက်လုံးသွေးကြောလေးတွေကို အားကောင်းစေတဲ့ ရောင်ခြယ်ပစ္စည်းတွေ ပါဝင်ပြီး မျက်ကွင်းညိုခြင်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဘယ်ရီအနွယ်ဝင်အသီးတွေ ၊လက်ဖက်ရည်ကြမ်းနဲ ့လက်ဖက်စိမ်းလက်ဖက်ရည်၊ ကြက်သွန်နီ၊

ပဲတောင့်ရှည် နဲ ့နံနံပင်တို ့ဟာ ဓါတ်တိုးဆန် ့ကျင်ဂုဏ်သတ္တိများတဲ့ ရောင်ခြယ်ပစ္စည်းတွေပါတဲ့ နမူနာ အစားအစာတွေပဲဖြစ်ကြပါတယ်။

Source: body-in-balance

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။