အဆွေးသီချင်းအေးအေးလေးတွေကို အများဆုံးရေးသားသီဆိုတတ်သူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်အချစ်တော်လေး ဘန်နီဖြိုးပါ။ ဘန်နီဖြိုးဟာ ပရိတ်သတ်တွေအတွက်အမြဲတန်းကြိုးစားတင်ဆက်နေလေ့ရှိပြီး တစ်ကိုယ်တော်တေးစီးရီးအယ်လ်ဘမ်များကိုလည်း အောင်မြင်စွာထုတ်လုပ်ထားနိုင်သူတစ်ယောက်ပါ။ ဒါ့ပြင်သူဟာ Frenzo productionအနေနဲ့လည်း နယ်လှည့်tourများကိုသီဆိုဖျော်ဖြေနေသူတစ်ယောက်ပါနော်။


Photo Credit-Myanmarload TV
Photo Credit-Myanmarload TV

တေးသံရှင် ဘန်နီဖြိုးဟာမကြာခင်အချိန်တွင် Dream Worldဆိုပြီးနာမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပတော့မှာဖြစ်တယ်။ ဒီပွဲလေးကို Feb 14နဲ့15ရက်နေ့မှာ Yangon Galleryမှာကျင်းပသွားမှာဖြစ်ပြီး ဘန်နီဖြိုးနဲ့အတူ စိုင်းစိုင်း၊ကိကိ၊အမရာဖုန်းတို့က သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် Dream Worldပွဲလေးကိုလူဦးရေအယောက်၄၀၀သာကန့်သတ်ထားတယ်လို့လည်းသိရပါတယ်နော်။


Photo Credit-Myanmarload TV
Photo Credit-Myanmarload TV

အမြဲတန်းဖန်တီးမှုအသစ်လေးတွေနဲ့ပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားလေ့ရှိတဲ့ဘန်နီဖြိုးရဲ့Dream Worldဆိုတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပရိတ်သတ်ကြီးရင်ခုန်နေကြတယ်မလား။ ချစ်ပရိတ်သတ်တွေအတွက် ဘန်နီဖြိုးရဲ့အမိုက်စားပုံရိပ်တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit-Myanmarload TV
Photo Credit-Myanmarload TV

Source-Myanmarload TV

Photo Credit-Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။