romanticဆန်ဆန်နဲ့ ချစ်စရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလေးကို ပရိတ်သတ်‌တွေအားလုံးသိကြမယ်ထင်ပါတယ်။သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အောင်မြင်မှုကိုယ်စီရရှိထားကြတဲ့သူတွေလည်းဖြစ်ပါတယ်။အာဘွိုင်းဟာ ချစ်ဇနီးလေးမြတ်ရတနာကျော်ရဲ့လိုအပ်ချက်တွေကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

မကြာသေးမီက အာဘွိုင်းဟာသူ့ရဲ့facebookစာမျက်နှာတွင် ချစ်ဇနီးလေးရဲ့မွေးနေ့ကိတ်လေးကိုသူမအရမ်းကြိုက်တဲ့ မြောက်ကိုရီးယားဗိုလ်ကြီးရဲ့ပုံလေးတွေနဲ့လုပ်ပေးခဲ့တဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။မြတ်ရတနာကျော်တစ်ယောက်ကတော့ သူမအရမ်းကြိုက်တဲ့ဇာတ်လမ်းတွဲထဲက ဗိုလ်ကြီးပုံလေးနဲ့မွေးနေ့ကိတ်လေးရလို့အရမ်းပျော်နေတာပါနော်။ဒါ့ပြင် တသောင်းတန်အထပ်လိုက်လေးပါ ကိတ်ထဲမှာထည့်ပေးထားပါသေးတယ်နော်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

အာဘွိုင်းတို့ဇနီးမောင်နှံဟာ လတ်တလောတွင်မိသားစုကိုအချိန်ပေးကာပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းလှတဲ့သူတို့မိသားစုလေးကိုပရိတ်သတ်ကြီးချစ်ကြတယ်မလား။ဗိုလ်ကြီးပုံလေးတွေနဲ့မွေးနေ့ကိတ်ရလို့ ပျော်ရွှင်နေတဲ့မြတ်ရတနာကျော်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

Source-Kyaw Phyo Tun's Facebook acc

Photo credit-Kyaw Phyo Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။