ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ သမီးလေးမြမိုးဂင်္ဂါကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပေးပြီးပျော်ရွှင်အောင်ထားပေးနေတဲ့ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။အခုဆိုရင်လည်း ဘုဏ်းသိုက်က သမီးလေးရဲ့(၆)နှစ်ပြည့်မွေးနေ့လေးမှာ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်လို့ သမီးလေးရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့ပြီး သမီးလေးကိုအရမ်းချစ်တဲ့အကြောင်းတွေကိုလည်း အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account

"Very Happy Birthday My Bb'girl •••

မြမိုးဂင်္ဂါ

၂၃ ဇန်နဝါရီလ ၂၀၁၄ သမီးလေးကို မွေးတဲ့ နေ့မှာပဲ အဘိုးအဘွားတွေ မိဘတွေ ဦးလေးတွေ နဲ့ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတွေကို ဆေးရုံကို ဇွတ်အတင်းဖိတ် Birthday Cake ပေါ် ဖယောင်းတိုင်လေး တစ်တိုင်ထွန်းပြီး သမီးလေးအတွက် ဦးဦးဖျားဖျားပထမဦးဆုံးသော မွေးနေ့ပွဲလေး ကိုဆေးရုံပေါ်မှာပဲ ဖန်တီးပေးဖြစ်ခဲ့တယ်..။ဂစ်တာသံတွေ ...ရယ်သံလွင်လွင်တွေနဲ့ စခဲ့တဲ့ ဇန်နဝါရီ ၂၃...။" သူမ မေမေရဲ့ ဘယ်လက်ရုံးလေးဟာ

Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account

ကျွန်တော့်ရဲ့ အနုပညာ ဖြစ်တယ် "" မြမိုးဂင်္ဂါ " ဆိုတာကိုဘယ်ဘက်ရင်ညွန့်မှာ မင်ကြောင်ထိုး သူ့ ဖေဖေဟာ အဲဒီလိုလည်းသူ့သမီးလေးကို သူ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးတယ်..။""ဒီနေ့တော့ ကျွန်တော့်ရဲ့ အနုပညာလေး အသက် ( ၆ ) နှစ်ပြည့်ပြီပဲ..!မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး ...လို့ဆုမတောင်းဖြစ်ဘူး..။တစ်ကယ် ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ် သမီးလေး ချစ်တဲ့ သူတွေ..သမီးလေးကို ချစ်တဲ့ သူတွေနဲ့ အတူ ဘဝကို ဖြတ်သန်းရင်း ရယ်သံလွင်လွင်လေးတွေ ထည်လဲ ဝတ်ဆင်နိုင်ပါစေ ..အမှား အမှန် အကောင်း အဆိုးကို ခွဲခြားသိတဲ့...ခွဲခြားနိုင်တဲ့ ညဏ်ပညာနဲ့သန့်စင် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမှာ သမီးလေး ဟာ အမြဲတမ်းလိပ်ပြာလှလှလေး ပျံသန်းနေနိုင်ပါစေ ..

ဘီယာပါပါး

၂၃:ဇန်နဝါရီလ:၂၀၂၀

ရန်ကုန်မြို့" ဆိုပြီး မွေးနေ့အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account

Photo Credit:Hpone Thaik's Facebook Account

Source:Hpone Thaik's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။