မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီနှစ်ဆုတိတိရယူပိုင်ဆိုင်ထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နှစ်အတော်ကြာအောင် လျှောက်လှမ်းလာခဲ့တဲ့ အိန္ဒြာကျော်ဇင်က အချိန်တွေဘယ်လောက်ကြာကြာ မပြောင်းမလဲဘဲ အောင်မြင်မှုသရဖူဆောင်းနေဆဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က မင်းသားပြေတီဦးနဲ့အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့တာဖြစ်ပါတယ်။

Photo Credit-LI JOHN PHOTOGRAPHY
Photo Credit-LI JOHN PHOTOGRAPHY
Photo Credit-Eaindra Kyaw Zin FB Page

သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိဘဲ အကောင်းဆုံးသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ အိန္ဒြာကျော်ဇင်က ဇာတ်ရုပ်ပီပြင်တဲ့မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်အတိုင်း ထိထိမိမိနဲ့ သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ အိန္ဒြာကျော်ဇင်က ယနေ့အချိန်ထိ ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အိန္ဒြာကျော်ဇင်က ဇာတ်ကောင်အသစ်အတွက် ဆေးလိပ်သောက်တာကို လေ့ကျင့်နေတဲ့ဗီဒီယိုလေးကို တင်ပေးထားပါတယ်။

Photo Credit-Eaindra Kyaw Zin FB Page
Photo Credit-Eaindra Kyaw Zin FB Page
Photo Credit-Eaindra Kyaw Zin FB Page

အိန္ဒြာကျော်ဇင်က မျက်မှန်လေးနဲ့ အရမ်းကိုအထာကျနေတဲ့အပြင် စီးကရက်တစ်လိပ်ကိုလက်ကြားညှပ်ပြီး ဟန်ပါပါလေးသောက်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ အိန္ဒြာကျော်ဇင်က သူမရဲ့ Instagram Story မှာတင်ထားတာဖြစ်ပြီး "#Character" ဆိုတဲ့စကားလုံးလေးနဲ့အတူ တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စတိုင်အပြည့်နဲ့ စီးကရက်ဖွာနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Eaindra Kyaw Zin's IG Story

Photo Credit-Eaindra Kyaw Zin's IG Story
Photo Credit-Eaindra Kyaw Zin's IG Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။