ချစ်စဖွယ်မျက်နှာလေးနဲ့သဘာဝကျကျသရုပ်ဆောင်နိုင်ပြီး အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေနိုင်တဲ့သူလေးကတော့ မင်းသမီးချောလေးမိုးယုစံပါ။ သူမဟာဗီဒီယိုဇာတ်ကားများကြော်ငြာများနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်ကားကြီးများပါ ရိုက်ကူးအောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မိုးယုစံဟာယခုအချိန်တွင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားပြီးချစ်စရာသားငယ်လေးတစ်ယောက်ကိုပါပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


Photo Credit-Moe Yu San's Facebook acc
Photo Credit-Moe Yu San's Facebook acc

မကြာသေးမီက မိုးယုစံဟာသူမရဲ့facebookစာမျက်နှာတွင် ပုံလေးတွေစတင်ပါပြီနော် 2020ရဲ့ပထမဆုံးခရီးလေးပါ နောက်လည်းထပ်တင်မယ်နော်ဆိုတဲ့captionလေးနဲ့ ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ မိုးယုစံတို့မိသားစုဟာ ဗီယက်နမ်ကိုရောက်ရှိနေတာဖြစ်ပြီး သူမဟာချစ်ခင်ပွန်းနဲ့အတူ ပျော်ပျော်ပါးပါးဓာတ်ဖမ်းနေတာဖြစ်ပါတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိုးယုစံတို့မိသားစုလေးကတော့ အားကျစရာလေးပါပဲနော်။


Photo Credit-Moe Yu San's Facebook acc
Photo Credit-Moe Yu San's Facebook acc

မိုးယုစံဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး အနုပညာလုပ်ငန်းတွေလည်းပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောမိုးယုစံလေးကိုအားပေးကြမယ်မလား။မိသားစုနဲ့အတူခရီးသွားရင်းပျော်ရွှင်နေတဲ့မိုးယုစံရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Moe Yu San's Facebook acc
Photo Credit-Moe Yu San's Facebook acc

Source-Moe Yu San's Facebook acc

Photo Credit-Moe Yu San's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။