ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံကတော့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့မေတ္တာတွေကိုခံယူနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မိုးယုရဲ့တစ်ဦးတည်းသောသားလေး Austin လေးကလည်း ၂နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ မေမေမိုးယုကတော့ သားလေးကိုလည်းသေချာဂရုစိုက်စောင့်ရှောက်ပေးတာကြောင့် သားသားလေးက ဉာဏ်ကောင်းပြီးထူးချွန်ထက်မြက်စွာနဲ့ကြီးပြင်းလာပါတယ်နော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

မိုးယုစံရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးနဲ့သားလေးကိုလိုလေသေးမရှိအောင်ဂရုစိုက်ကြင်နာပေးပြီး ချစ်ဇနီးလေးကိုလည်းအမြဲစိတ်ချမ်းသာအောင်ထားပေးတာကြောင့် မိုးယုရဲ့မိသားစုဘဝလေးက သာယာနွေးထွေးမှုအပြည့်ရှိပါတယ်နော်။မိုးယုရဲ့သားလေးကလည်း တီတီတာတာလေးတွေပြောတတ်ပြီး အရမ်းချစ်စရာကောင်းတာကြောင့် မိုးယုတို့မိသားစုအတွက်ဆည်းလည်းလေးလိုဖြစ်ပါတယ်။ပရိသတ်တွေကလည်း မိုးယုရဲ့အေးချမ်းတဲ့မိသားစုဘဝလေးကိုအားကျကြပြီး အမြဲစောင့်ကြည့်အားပေးနေကြတာပါနော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

အခုဆိုရင်တော့ မိုးယုတို့မိသားစုက ၂၀၂၀မှာ ပထမဆုံးခရီးအဖြစ် မိသားစုတွေစုံစုံညီညီနဲ့ ပျော်ပျော်ပါးပါးခရီးထွက်သွားကြတာဖြစ်ပါတယ်။မိုးယုတို့မိသားစုက ဗီယက်နမ်နိုင်ငံကိုရောက်ရှိနေကြပြီး အထင်ကရနေရာတွေကိုလည်ပတ်နေကြတာပါ။မိုးယုကတော့ ဗီယက်နမ်ရိုးရာဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ဗီယက်နမ်ရဲ့လမ်းမထက်မှာချစ်ခင်ပွန်းနဲ့အတူ ကြည်နူးပြုံးပျော်နေတာဖြစ်ပြီး မိသားစုအမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

Source&Photo Credit:Moe Yu San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။