သရုပ်ဆောင် မင်းသမီးချော လင်းဇာနည်ဇော်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဖြစ်ပါတယ်။ မြူလင်းကိုကိုလို့ နာမည်ပေးထားတဲ့သူမက လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော ချစ်သမီးလေးပဲ ဖြစ်ပါတယ်။ လင်းဇာနည်ဇော်နဲ့ရုပ်ချင်းဆင်ပြီး မေမေ့ဆီကအချောအလှတွေကိုအမွေရထားတဲ့ မြူလင်းကိုကိုလေးက ဖြူဖွေးဝင်းမွတ်တဲ့အသားအရေလေးနဲ့ နိုင်ငံခြားသူလေးလို့တောင် ထင်မှတ်ရတာဖြစ်ပါတယ်။

Photo Credit-Lin Zarni Zaw's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc

အသက် (၂၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြူလင်းကိုကိုက သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားခဲ့တာဖြစ်ပါတယ်။ အခုတော့ မြူလင်းကိုကိုက ကျောင်းပြီးသွားလို့ မေမေရှိရာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အထူးတလည်ဝန်းရံခြင်းခံထားရတဲ့ မြူလင်းကိုကိုလေးက အခုလည်း ချစ်စရာအပြုံးလေးတွေနဲ့ နုနယ်လှပနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ မျှဝေပေးထားပါတယ်။

Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc

မှန်တင်ခုံရှေ့မှာထိုင်ပြီး ချစ်စဖွယ်ပို့စ်လေးတွေပေးနေတဲ့ မြူလင်းကိုကိုရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကိုအသည်းယားချင်စရာကောင်းနေတာဖြစ်ပါတယ်။ အဝါရောင်သန်းတဲ့ ဆံနွယ်လေးတွေနဲ့လိုက်ဖက်လွန်းတဲ့ မြူလင်းက ဘိုမရုပ်လေးလို့ အထင်မှားရလောက်အောင် ချောမောလှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကိုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Myu Linn Ko Ko's FB Acc 

Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။