ပရိသတ်ကြီးရေ မေလို့ အားလုံးက ချစ်စနိုးခေါ်ကျတဲ့ MRTV-4မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲများစွာကို ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်နော်။ ရိုးမပေါ်မှာ ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးထားတာကိုတွေ့ရပါတယ်။ သူမရဲ့ ကျက်သရေရှိတဲ့ အလှတရားနဲ့ ယဉ်ကျေးစွာပြောဆိုတက်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသဲတစ်ခြမ်းဖြစ်နေရတာပဲဖြစ်ပါတယ်။  

Photo Credit; May Myint Mo's facebook account
Photo Credit; May Myint Mo's facebook account

မေမြင့်မိုရ်ဟာ လူလေးကလဲလှသလို စိတ်ထားလေးကလည်းလှတာကြောင့် လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။ သူမရဲ့ တစ်နေတာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပရိသတ်တွေကို မကြာခဏတင်ပေးလေ့ရှိပါတယ်။ ယခုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှတဆင့် ပြစ်မျိုးမဲ့မထင်လှပတဲ့ ပုံလေးတွေကိုတင်ပေးလိုက်တာကလည်း ပရိသတ်တွေသဘောကျ အချစ်ပိုနေတာပဲဖြစ်ပါတယ် 

Photo Credit; May Myint Mo's facebook account
Photo Credit; May Myint Mo's facebook account

သရုပ်ဆောင်မေမြင့်မိုရ်က လတ်တလောအနုပညာလှုပ်ရှားမူတွေ ဆက်တိုက်လုပ်နေတာပဲဖြစ်ပါတယ်။ မေက ပန်းရောင်စွယ်တာလေးကို ဝတ်ကာ ချစ်စရာကောင်းတဲ့ ကလေးပုံစံလေးတွေ Postပေးနေတာဟာ အသည်းယားစရာလေးပါနော်။ “မင်းထက်ပိုချစ်တက်ပါတယ်” ဆိုတဲ့ Captionလေးတပ်ပြီး ပရိသတ်ရဲ့ အချစ်တွေကိုအရယူနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit; May Myint Mo's facebook account
Photo Credit; May Myint Mo's facebook account

Source; May Myint Mo's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။