အလှပဆုံးပြင်ဆင်ခြယ်သမှုတွေနဲ့မိတ်ကပ်လောကရဲ့ဆရာတစ်ဆူလို့ပင် သတ်မှတ်လို့ရတဲ့ makeup artistမေဦးကို လူတိုင်းသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဟန်လင်းနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ်relationshipတစ်ခုကို တည်ထောင်ထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ချစ်စရာအကောင်းဆုံးလိင်တူစုံတွဲဆိုလည်းမှားမယ်မထင်ပါဘူးနော်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိစွာနဲ့ လက်တွဲခဲ့ဲကြတာဖြစ်ပြီး ဝေဖန်မှုတွေရှိခဲ့သော်လည်းယခုအချိန်ထိတိုင် ခိုင်မြဲနေတဲ့ချစ်သူနှစ်ဦးဖြစ်ပါတယ်။


Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

မကြာသေးမီကမေဦးဟာသူ့ရဲ့facebookစာမျက်နှာတွင် လှပတဲ့အပင်လေးတွေဖြစ်ပေါ်လာဖို့ နေရောင်ခြည်ကပေးစွမ်းသလို ကို့အချစ်တွေကလည်း ချစ်ကိုအမြဲရှင်သန်စေခဲ့တယ် ထာဝရအချစ်တစ်ခုတည်မြဲစေဖို့ ယနေ့ 3years and 6months anniversaryကနေ နောက်နှစ်ပေါင်းများစွာထိ ချစ်တို့နှစ်ယောက်အတူတွဲပြီးနားလည်မှု ကြင်နာမှု ချစ်ခြင်းတွေနဲ့အတူ တသက်လုံးနေသွားကြမယ်နော်ဆိုတဲ့ စာလေးရေးကာ ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူတို့နှစ်ဦးဟာအင်္ကျိဆင်တူလေးကိုဝတ်ဆင်ထားပြီး romanticဆန်ဆန် ပို့စ်လေးတွေလည်းပေးနေတာဖြစ်ပါတယ်။


Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

မေဦးတို့စုံတွဲလေးကတော့ စိတ်ချမ်းသာစရာလေးတွေပါပဲနော်။ ချစ်သက်တမ်း ၃နှစ်ကျော်သွားပြီဖြစ်တဲ့မေဦးတို့စုံတွဲလေးကို ပရိတ်သတ်ကြီးချစ်ခင်အားပေးကြမယ်မလား။ ကြည်နူးပျော်ရွှင်နေတဲ့မေဦးနဲ့ဟန်လင်းတို့ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

Source-May Oo's Facebook acc

Photo Credit-Sai Kaung Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။