လာမယ့် ဇန်နဝါရီ ၂၅၊ ၂၆ ရက်များမှာ ယှဉ်ပြိုင်ကစားသွားကြမယ့် MPT Myanmar National League 2020 ပွဲစဉ် ၃မှာတော့ အသင်းကြီးတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေပါဝင်နေပါတယ်။ ယခုတစ်ပတ် ပွဲစဉ်တွေထဲမှာတော့ မြန်မာနေရှင်နယ်လိဂ်ရဲ့ အအောင်မြင်ဆုံး အသင်း ၂ သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

photo credit :Myanmar National League 's facebook page
photo credit :Myanmar National League 's facebook page

အဆိုပါပွဲကြီးပွဲကောင်းအပြင် စစ်ကိုင်းယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက် နဲ့ ဇွဲကပင် ယူနိုက်တက်အသင်း အစရှိတဲ့ ပွဲကောင်းတွေလည်း ပါဝင်နေပါတယ်။ အဆိုပါအသင်းကြီးတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ယခုတစ်ပတ်ပွဲစဉ်တွေကို ပရိသတ်တွေအနေနဲ့ စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit :Myanmar National League 's facebook page

ပြီးခဲ့တဲ့ အပတ်ကတော့ အသင်းကြီးတွေအနေနဲ့ ရမှတ်ဆုံးရှုံးထားရတာပဲ ဖြစ်ပါတယ်။ ရာသီအစမှာ အသင်းကြီးတွေအနေနဲ့ အမှတ်တွေ မဆုံးရှုံးရဖို့နဲ့ အမှတ်တွေစုဆောင်းထားနိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားတာကြောင့် ယခုတစ်ပတ်ပွဲစဉ်တွေက ပရိသတ်တွေအကြိုက် ကြည့်ရူလို့ကောင်းမယ့် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

source:Myanmar National League 's facebook page 

photo credit :Myanmar National League 's facebook page
photo credit :Myanmar National League 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။