ပရိသတ်အချစ်တော် မင်းသမီးချောလေး ဆုအိမ့်စံကတော့ ရုပ်ရည်လေးက ချောမောလှပသလို ခန္ဓာကိုယ်လေးကလည်း သွယ်လျကျစ်လျစ်နေတာဖြစ်ပါတယ်။ အထူးသဖြင့် ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံက ယောက်ျားပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ပိုမိုရရှိထားတာဖြစ်ပါတယ်။ ဆုအိမ့်စံအနေနဲ့ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး တဖြည်းဖြည်းအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Hsu Eaint San FB Page
Photo Credit-Hsu Eaint San FB Page
Photo Credit-Hsu Eaint San FB Page

လက်ရှိမှာတော့ ဆုအိမ့်စံက အနုပညာလှုပ်ရှားမှုတွေအပြင် " Dancing With The Stars" အကပြိုင်ပွဲကြီးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ တစ်နေ့တစ်ခြားပိုပိုပြီးလှလာတဲ့ ဆုအိမ့်စံက သူမရဲ့ချစ်ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေကို မကြာခဏမျှဝေပေးနေတာဖြစ်ပါတယ်။ အခုလည်း ဆုဆုက သာယာလှပတဲ့ ကမ်းခြေတစ်ခုမှာ အေးအေးဆေးဆေးအပန်းဖြေနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

Photo Credit-Hsu Eaint San FB Page
Photo Credit-Hsu Eaint San FB Page
Photo Credit-Hsu Eaint San FB Page

ဆုအိမ့်စံကတော့ "ရေလှိုင်းလေးရယ် ကောင်းကင်ပြာရယ် ယူတို့ချစ်တဲ့ ဆုဆုရယ် " ဆိုတဲ့စာသားလေးနဲ့အတူ ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်နဲ့ အရမ်းလှနေတဲ့ ဆုဆုလေးက နေပူဆာလှုံရင်း စတိုင်ကျကျပို့စ်လေးတွေပေးပြီး ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကမ်းခြေမှာ အပန်းဖြေအနားယူနေတဲ့ မင်းသမီးချောလေး ဆုအိမ့်စံရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Hsu Eaint San FB Page 

Photo Credit-Hsu Eaint San FB Page
Photo Credit-Hsu Eaint San FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။