သရုပ်ဆောင်မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ပရိသတ်တွေက ပရဟိတ မင်းသမီးလေးလို့ တင်စားထားကြသူလေးပဲ ဖြစ်ပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးနဲ့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ယောင်္ကျားလေး ပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးနေကြတာပါ။ ချစ်စရာကောင်းသလို သူမရဲ့ လှပတဲ့ စိတ်ဓါတ်ကြောင့် အနုပညာလုပ်ငန်းတွေမှာလည်း အောင်မြင်မှုရရှိနေတာဆိုလည်း မှားမယ်မထင်ပါဘူးနော်။ 

Photo Credit;Thein Zaw win (photo magic)

သီချင်းMTVတွေရိုက်ရင်း ရုပ်ရှင်လောကကို စတင်ဝင်ရောက်လာခဲ့သူလေး ရွှေပိုးအိမ်ဟာ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် သူမက မနှစ်ကရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို “ဝေါအိုက်နီ”ဆိုတဲ့ Captionတပ်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလိုက်ပြန်ပါတယ်။ တရုတ်ရိုးရာဝတ်ဆုံလေးကို ဝတ်ကာ ညှို့အားပြင်းတဲ့ အကြည့်တွေနဲ့ကြည့်ကာ “ခပ်တည်တည်နဲ့ မနှစ်ကပုံ ပြန်တင်တယ်ကွာ အမ်ပေါင်းပေးတဲသူတွေ ပေးလို့ရတယ်နော် အားမနာနဲ့နော်”ဆိုပြီး စနောက်ထားတာကလဲ ပရိသတ်တွေကို ချစ်အားပိုစေပါတယ်နော်။

Photo Credit;Thein Zaw win (photo magic)

တရုတ်ရိုးရာဝတ်စုံလေးနဲ့ လိုက်ဖက်နေတဲ့ သူမက ပရိသတ်တွေကို ဝေါအိုက်နီဆိုပြီး ပြောထားတာလေးဟာ ချစ်ဖို့ကောင်းနေပြန်ပါတယ်နော်။ မင်းသမီးချောလေး ရွှေပိုးအိမ်က အနုပညာအလုပ်တွေရော ပရဟိတ အလုပ်တွေပါ ဆက်တိုက်လုပ်ဆောင်နေတဲ့ ပရဟိတမင်းသမီးချောလေးတစ်ယောက်ပါ ဖြစ်ပါတယ်နော်။ နီနီရဲရဲတရုတ်မလေး ရွှေပိုးအိမ်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာတင်ထားတဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit;Thein Zaw win (photo magic)
Photo Credit;Thein Zaw win (photo magic)
Photo Credit;Thein Zaw win (photo magic)

Source; Shwe Poe Eain's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။