ဗဟုသုတ အစီအစဉ်ကဏ္ဍကနေ ဒီတစ်ပါတ်မှာတော့ ပရိသတ်ကြီးကို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ပိုးဟပ်စား လူသား အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပိုးဟပ်စားတဲ့ လူအကြောင်း မဖော်ပြသေးခင်မှာ လတ်တလောအနုပညာ လှုပ်ရှားမှုသတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ တောင်းဆိုချင်ပါတယ်နော်။

photo credit pngtree

အမေရိကန်နိုင်ငံ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့သော ပိုးဟပ်စား ပြိုင်ပွဲတွင် "Edward Archbold" အက်ဒ်ဝပ် အာချီဘော ဆိုသူက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၂ နှစ်) လူလတ်ပိုင်း အရွယ်ဖြစ်ပြီး ထိုသူမှာ ကလေးနှစ်ယောက်ရှိပါတယ်။ ပိုးဟပ်စား ပြိုင်ပွဲတွင် ပိုးဟပ် အကောင်အရေ ၆၀ ဂရမ်ကျော်ကို စားခဲ့တာဖြစ်ပါတယ်။ ပိုးဟပ်တွေရဲ့ အရွယ်အစားကတော့ သုံးလက်မအရှည်ရှိပြီး သံပုံးတစ်ပုံး အပြည့်ထည့်ထားသော (ခန့်မှန်းခြေ ၃၅ကောင်) လောက်ရှိတဲ့ ပိုးဟပ်များကို စားကာ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အက်ဒ်ဝပ် အာချီဘော ဆိုသူ ထိုပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့ရတဲ့ အကြောင်းအရင်းက ဒီလိုပါ။ ထိုသူရဲ့ မိတ်ဆွေ တစ်ဦးက ပိုးဟပ်စားပြိုင်ပွဲမှာ ပထမဆုရရှိပါက စပါးအုံး မြွေတစ်ကောင် လက်ဆောင်ပေးမယ်လို့ ပြောခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါနဲ့ပဲ စပါးအုံးမြွေကြီးကို ရယူလိုတာကြောင့် ပိုးဟပ်စားပြိုင်ပွဲတွင် ဝင်ရောင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ဘဲ ထိုသူဟာ ပြိုင်ပွဲပြီးပြီးချင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ထိုသူရဲ့ ရုပ်အလောင်းကို ဆရာဝန်များက ခွဲစိတ်ကြည့်ရာတွင် အသက်ရှူကြပ်ကာ သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။